နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မင်္ဂလာတောင်ညွှန့်မြို့နယ် အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ မက်ခရိုလက်ကားအရောင်းစင်တာသို့သွား ရောက် စစ်ဆေး

ရန်ကုန် ဧပြီ ၆ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် နှင့် တာဝန်ရှိသူများသည် ယနေ့ ညနေပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ် အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ မက်ခရိုလက်ကားအရောင်းစင်တာသို့ သွားရောက်၍ စင်တာအတွင်း ရောင်းချနေသည့် ကုန်ပစ္စည်း များအား လှည့်လည်ကြည့်စစ်ဆေးခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၎င်းစင်တာအပေါ်ထပ်ရှိ အစည်းအဝေးခန်းမ၌ We Love Yangon မှ တာဝန်ရှိသူများ၊ မက်ခရိုမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နှင့်တွေ့ဆုံ၍ သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း သံရုံးများနှင့် အခြား အခြေခံလူတန်းစားများ မိမိအိမ်မှ မှာယူစားသုံး နိုင်ရန်အတွက် မှာယူလိုသည့်ပစ္စည်းများ အား မက်ခရိုမှ deliver စနစ်ဖြင့် ပေးပို့ရန် အတွက် We Love Yangon နှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသူများမှ လိုအပ်သည်များ တင်ပြကာ ဝန်ကြီးချုပ် ဖြည့်ဆည်းဆောင်ရွက်ရန် မှာကြားခဲ့သည်။ မက်ခရိုစက်ဆန်းလက်ကားအရောင်းဆိုင်ကို လူကိုယ်တိုင်လာရောက်ဝယ်ယူနိုင်ရန် ဖွင့်လှစ်ခြင်းမရှိသေးသော်လည်း မှာယူလိုပါက နှစ်သက်ရာကုန်ပစ္စည်းများကို တယ်လီဖုန်း 09-770-330-003 (ext. 200-204) ဆက်၍သော်လည်းကောင်း၊ Viber: 09-977-535-699 မှ တဆင့်သော် လည်း ကောင်း မှာယူနိုင်ပြီ ဖြစ်ပါကြောင်းသိရသည်။ ၎င်း မက်ခရို အရောင်းစင်တာကို နေ့စဥ် နံနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ ဆက်သွယ် မှာယူ၍ ရသည်ဖြစ်ကြောင်းသိရသည်။ ဧပြီလ ၉ ရက်နေ့အထိ ကျပ် ၂ သိန်းခွဲဖိုးနှင့် အထက် ဝယ်ယူသူတိုင်းအား အခမဲ့ပို့ဆောင်ပေးမှာ ဖြစ်ပြီး ကျပ် ၂ သိန်းခွဲအောက် ဝယ်ယူတဲ့ Customer များအတွက် မှာယူထားသည့် ပစ္စည်းများကို မက်ခရိုဆိုင် နေ့စဥ် မနက် ၉ နာရီကနေ ၄ ခွဲအတွင်း လာရောက် ထုတ်ယူ ၍ ရမည်ဖြစ်သည်။ မက်ခရိုစက်ဆန်းအရောင်းဆိုင် မှ အခမဲ့ ပို့ဆောင်ပေးမည့် မြို့နယ်များတွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ဆိပ်ကမ်းမြို့နယ်၊‌ကျောက်တံတားမြို့နယ် ၊ပန်းဘဲတန်းမြို့နယ် ၊လသာမြို့နယ်၊လမ်းမတော်မြို့နယ်၊အလုံမြို့နယ်၊စမ်းချောင်းမြို့နယ် ၊ကြည့်မြင်တိုင်မြို့နယ် ၊ကမာရွတ်မြို့နယ် ၊ဗဟန်းမြို့နယ်၊တာမွေမြို့နယ်၊ရန်ကင်းမြို့နယ်၊ဒေါပုံမြို့နယ်၊သာကေတမြို့နယ် နှင့် သင်္ဃန််းကျွန်းမြို့နယ် များဖြစ်ကြောင်း သိရသည်။ . သတင်း မိုးမြင့်မောင် ဓာတ်ပုံ . ကျော်သူထက်






အခြားဆက်စပ်သတင်းများ