နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြင့်တက်လာ

ဝါရှင်တန်၊ ဇွန် ၂၄


အမေရိကန်နိုင်ငံ၏ ပြည်နယ်တချို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ သိသိသာသာ မြင့်တက်နေသည် ဟု အမေရိကန်နိုင်ငံ၏ ကူးစက်ရောဂါ ထိပ်တန်းကျွမ်းကျင်ပညာရှင် ဒေါက်တာဖော်စီက လွှတ်တော်အမတ်များ ရှေ့မှောက်တွင် ထွက်ဆိုခဲ့သည်။

 ရောဂါကူးစက်မှုသစ်များကို တားဆီးနိုင်ရန် လာမည့်ရက်ပိုင်းမှာ အရေးပါလိမ့်မည်ဟု ဒေါက်တာဖော်စီ ပါဝင်သည့် ကျန်းမာရေးအရာရှိများအဖွဲ့က ပြောသည်။ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂.၃ သန်းရှိပြီး အနည်းဆုံး လူ ၁၂၀၀၀၀ သေဆုံးခဲ့သည်။


အမေရိကန်နိုင်ငံ၏ ရောဂါကူးစက်ခံရသူ တရားဝင်အရေအတွက်ကို ထိန်းထားနိုင်ရန်အတွက် ရောဂါ စစ်ဆေးမှုများကို အရှိန်လျှော့ချလုပ်ဆောင်ရန် ကျန်းမာရေးအဖွဲ့ကို ပြောခဲ့သည်ဟု ပြီးခဲ့သည့်အင်္ဂါနေ့က အရီဇိုးနားပြည်နယ်တွင် ကျင်းပခဲ့သည့် နိုင်ငံရေးစုဝေးပွဲ၌ ဒေါ်နယ်ထရမ့်က ပြောသည်။ သို့သော် ရောဂါစစ်ဆေးမှုများကို အရှိန်လျှော့ချရန် မည်သူတစ်ဦးတစ်ယောက်ကမျှ ပြောခဲ့ခြင်းမရှိကြောင်း၊ စစ်ဆေးမှုများကို ယခင်ကထက် အရှိန်တင်လုပ်ဆောင်နေကြောင်း ဒေါက်တာဖော်စီက ပြောသည်။ 

အမေရိကန်နိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ရုတ်တရက်မြင့်တက်နေပြီး အရီဇိုးနားပြည်နယ်တွင် တစ်ရက်တာ ရောဂါကူးစက်ခံရသူ စံချိန်သစ်တင်ခဲ့သည်။ ဆေးရုံခုတင် ၈၀ ရာခိုင်နှုန်း လူပြည့်နေပြီး လာမည့်ရက်ပိုင်းတွင် ကျန်းမာရေးစနစ် ယိုင်လဲသွားမည်ကို စိုးရိမ်ပူပန်နေကြသည်။ သို့သော် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် ကာကွယ်ဆေးအသင့်ဖြစ်လိမ့်မည်ဟု ဒေါက်တာဖော်စီက မျှော်မှန်းထားသည်။                                                                                         

KNT






အခြားဆက်စပ်သတင်းများ