နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စဉ်ဆက်မပြတ်ဓာတ်အားပေးနိုင်ရန် ထရန်စဖော်မာများ ကြံ့ခိုင်ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်  ဧပြီ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ထရန် စဖော်မာများ လောင်ကျွမ်းပျက်စီးဆုံးရှုံးမှုများမဖြစ်စေရေး၊ ဓာတ် အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ လျှပ်စစ်အန္တရာယ်ကင်း ရှင်းစေရေး၊ ဓာတ်အားဖြန့်ဖြူးမှု ကောင်းမွန်စေရေးတို့အတွက်      စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ် ပြုပြင်ထိန်းသိမ်းမှုများ ဆောင် ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ  ဧပြီ ၂၃ ရက် အုပ်စုအလှည့်ကျဓာတ် အားပိတ်ချိန်တို့တွင် (၃၁၅) ကေဗွီအေ ထရန်စဖော်မာသုံးလုံးနှင့် (၂၀၀) ကေဗွီအေ ထရန်စဖော်မာသုံးလုံးတို့ကို အသေးစိတ်စစ်ဆေး ပြုပြင်ခြင်း၊ ဆီဖြည့်တင်းခြင်း၊ ဝန်အားတိုင်းတာခြင်း၊ Bolt & Nut များ တင်းကျပ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများကို ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်း မြို့နယ်၊ လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်း      များ၊ ရုံးချုပ်ရှိ ထရန်စဖော်မာထိန်းသိမ်းပြုပြင်ရေးဌာန ဝန်ထမ်းများ ဖြင့် ဆောင်ရွက်ကြသည်။







(ပုံ)  ချစ်ဆောင်(YESC)






အခြားဆက်စပ်သတင်းများ