နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်များနှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၃/၂၀၂၄) ကျင်းပ

ရန်ကုန် ဧပြီ  ၂၄

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ကော် မတီဝင်များနှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၃/၂၀၂၄)ကို  ယနေ့ နံနက် ၁၀ နာရီက ရန်ကုန် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသ ကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ နှင့်ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန် ရှိသူများ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင်  မြို့တော်ဝန်က “ဘဏ္ဍာရေးနှစ် အစဖြစ်ပြီး မြန်မာနှစ်သစ်ကူး အချိန်အခါဖြစ်၍ စီမံကိန်း လုပ်ငန်းများ အင်တိုက်အား တိုက်ဆောင်ရွက်ကြရန်၊လမ်း အဆင့်မြှင့်တင် ဆောင်ရွက် ပြီးစီးသည့် ရွှေတိဂုံစေတီတော် ပတ်လမ်းတစ်လျှောက်သန့်ရှင်း သာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊        ဌာနအသီးသီးရှိ လုပ်ငန်းများကို စာရင်းစစ်ခံနိုင်ရေးပြင်ဆင် ထားရန်၊ လမ်းမကြီးများတစ်လျှောက် အဆောက်အဦ ခေါင်မိုးများ ပေါ်ရှိ အမှိုက်များဖယ်ရှားရှင်းလင်းရန်၊ တွယ်ကပ်ပင်များ၊သစ်ပင် အောက်တက်များ ရှင်းလင်းရန်၊ အဖီအဆွယ်များ၊လမ်းနယ် ကျူးများရှင်းလင်းရန်၊ စွန့်ပစ် သစ်ရွက်၊ သစ်ခက်၊ သစ်ကိုင်း များကို မြေသြဇာပြုလုပ်၍ ပြန်လည်အသုံးပြုရန်၊စွန့်ပစ် အမှိုက် လျှော့ချရေး အလေးထားဆောင်ရွက်ရန်၊ အမှိုက်များနှင့် ပတ်သက်၍ အသိပညာပေးမှုများဆောင်ရွက်ရန်၊ မြို့တော်သန့်ရှင်း သာယာလှပရေးနှင့်ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းမျာအရှိန် အဟုန်မြှင့်ဆောင်ရွက်ကြရန်နှင့် ချောင်းများ၊ မြောင်းများ ရေကြီး ရေလျှံမှု ကာကွယ်နိုင်ရေး ကြိုတင်ရှင်းလင်းထားရန်” တို့ကို မှာကြားသည်။ 

ဆက်လက်၍ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။                     






သတင်း-မိုးမြင့်မောင်

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ