နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဧပြီ  ၂၄

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်ဦးညီညီ၊ အတွင်းရေးမှူးဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရန်ကင်း မြို့နယ်၊ မိုးကောင်းလမ်းမပေါ် ရှိ ခုနစ်ပင်လိမ်ချောင်း၊တာမွေ မြို့နယ်အတွင်းရှိနတ်ချောင်း မြစ်ထွက်ပေါက် ရေထိန်းတံခါး နှင့် ခုနစ်ပင်လိမ်ချောင်းရေထိန်း တံခါးများ၌ ရေစီးရေလာကောင်း မွန်ရေး ဆောင်ရွက်နေမှု၊ သင်္ဃန်းကျွန်းမြို့နယ်၊၂၄ရပ် ကွက်ရှိ ပတ္တမြားလမ်းကွန်ကရစ် ခင်းကျင်းနေမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ်၊ ၁၄ ရပ်ကွက် မိုးကောင်းလမ်းပေါ်ရှိခုနစ်ပင် လိမ်ချောင်း ရေစီးရေလာကောင်း မွန်စေရန် ချောင်းအတွင်းရှိ အမှိုက်နှင့်နုန်းများ ဆယ်ယူ ရှင်းလင်းနေမှုကို ကြည့်ရှုစစ် ဆေးပြီး ချောင်းကမ်းစပ်တစ် လျှောက် သန့်ရှင်းသာယာလှပ ရေးလုပ်ငန်းများ ဆောင်ရွက် ရန်၊ ချောင်းဘေးရှိ အမှတ် (၁၁) အခြေခံပညာ မူလတန်းကျောင်း (အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်းခွဲ သန့် ရှင်းသာယာလှပစေရေးစုပေါင်း လုပ်အားပေးဆောင်ရွက်ရန်၊ ကျောင်းခေါင်မိုးပေါ်ရှိ သစ်ရွက် ကြွေများရှင်းလင်းရန်တို့ကို မှာကြားသည်။ အဆိုပါ ချောင်းသည် ရန်ကင်းမြို့နယ်နှင့်တာမွေမြို့ နယ်တို့ကို ဖြတ်သန်းစီးဆင်း၍ ကျိုက္ကဆံချောင်းမှတစ်ဆင့် ငမိုးရိပ်ချောင်းအတွင်းသို့ဆက် လက် စီးဝင်လျက်ရှိသည်။

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ  နတ် ချောင်း မြစ်ထွက်ပေါက်ရေထိန်း တံခါးသို့သွားရောက်၍ အင်ဂျင် နီယာဌာန(ရေစီးရေလာစီမံခန့် ခွဲမှု)က ချောင်းအတွင်း နတ် ချောင်းရေထိန်းတံခါးနှင့်နတ် ချောင်းတံတားအကြားအလျား ၁၁၈၀၊ အကျယ် ၂၈ ပေရှိ မြေထိန်းနံရံ နှစ်ဖက်တည် ဆောက်နေမှုကို ကြည့်ရှု       စစ်ဆေးပြီး ရေထိန်းတံခါး၌ တပ်ဆင်ထားရှိသည့် ရေစုပ် စက်များ ကြံခိုင်မှုရှိစေရေး စစ်ဆေးရန် မှာကြားသည်။ 

ထိုမှတစ်ဆင့် မေတ္တာညွန့် ရပ်ကွက်၊ ခုနစ်ပင်လိမ်ချောင်း ‌‌ရေထိန်းတံခါးကို ကြည့်ရှုစစ် ဆေး၍ ရေစီးရေလာကောင်း မွန်ရေးဆောင်ရွက်ရန် မှာကြား သည်။ 

ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့ နယ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ပတ္တမြားလမ်းကို အင်ဂျင် နီယာဌာန(လမ်းနှင့်တံတား)က အရှည် ၃၉၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မ ကွန်ကရစ် ခင်းကျင်းနေမှုကိုကြည့်ရှုစစ် ဆေးပြီးလုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အမြန်ပြီးစီး ရေးနှင့် လမ်းဝဲ/ယာသန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန် တို့ကို မှာကြားကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။







သတင်း-မိုးမြင့်မောင်            

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ