နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းများများလျှောက်ခြင်းဖြင့် ကျန်းမာရေး စွမ်းဆောင်

ကျန်းမာခြင်းသည် ဝယ်ယူ၍ရသည့် ပစ္စည်းမဟုတ်ပါ။ ကိုယ်တိုင် လေ့ကျင့်ယူရသည့် အရာဖြစ်သည်။ လူတိုင်းလူတိုင်း ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည် ဖြစ်သည်။ ယနေ့မြို့ပြနှင့် ကျေးရွာတစ်ဝန်းတွင် လူငယ်လူရွယ်များသည် Facebook နှင့် Online ၊ Game များတွင် ညဉ့်နက်သန်းခေါင် သုံးစွဲနေကြသည်။ အိပ်ရာထ နောက်ကျကြ သည်။ သို့ဖြစ်ရာ ကျန်းမာသောလူ့ဘဝအစဉ် တိုးတက်အောင်မြင် စေချင်သည်။

ကျန်းမာရေးကို လိုက်စားရာတွင် ကိုယ်လက်လှုပ်ရှားအားကစား တစ်ခုခု သို့မဟုတ် လမ်းလျှောက်ခြင်းပြုလုပ်ခြင်းပင် ဖြစ်၏။ အသက်ရှည် ကျန်းမာခြင်းကို ပိုင်ဆိုင်ထားကြသော အဘိုး၊ အဘွား အများစုသည် ငယ်ရွယ်စဉ်ဘဝမှအစပြုကာ ကျန်းမာရေးကိုလိုက်စား ကြသည်။

လမ်းလျှောက်ခြင်းကို နေ့စဉ်နာရီဝက်ခန့် လျှောက်သင့်ကြောင်း လမ်းလျှောက်ခြင်းကြောင့် ကြွက်သားများကို သန်မာအားကောင်းစေ သည်။ အရိုးအဆစ်တို့ကို သန်မာစေနိုင်သည်။ ထို့ကြောင့် လမ်းများ များ လျှောက်ခြင်းသည် သက်ရှည်ကျန်းမာစေရန် နည်းလမ်းကောင်း တစ်ခုပင်ဖြစ်ကြောင်း ကျန်းမာရေးပညာရှင်တို့ဆိုသည်။

ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ခြင်းတို့ဖြင့် ခန္ဓာကိုယ် အဝလွန်မှုကို လျော့ကျစေနိုင်သည်။ အဝလွန်ခြင်းကြောင့် သွေးတိုး ရောဂါ၊ ဆီးချိုရောဂါကို ထိန်းထားပေးနိုင်စွမ်းရှိ၏။ 

မြို့ပြနေရာ လမ်းများပေါ်တွင် စောစောထ လမ်းလျှောက်သူများ အနည်းငယ်တွေ့ရသကဲ့သို့ လမ်းလျှောက်ရာတွင် သက်ကြီးရွယ်အို များနှင့် လူလတ်ပိုင်းတို့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လမ်းလျှောက်မှု ပြုနေကြသည်။

သို့ဖြစ်ရာ လမ်းလျှောက်ခြင်းသည် လောက၌ အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုဖြစ်ရာ စောစောအိပ်၊ စောစောထ လမ်းများများ လျှောက်ခြင်းဖြင့် ကျန်းမာသော လူ့ဘဝ ကို တိုးတက်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ