နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးလှုပ်ရှားမည့်အစီအစဉ်ကို မြောက်ကိုရီးယားနိုင်ငံ ဆိုင်းငံ့

ဇွန် ၂၄


တောင်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးလှုပ်ရှားမည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ တောင်ကိုရီးယားနိုင်ငံရှိ ပြည်ပြေးများက မိုးပျံပူဖောင်းများတွင် မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ချိတ်ဆွဲဖြန့်ဝေရန် စီစဉ်နေခြင်းကြောင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြောက်ကိုရီးယားနိုင်ငံဘက်က ဒေါသတကြီးတုံ့ပြန်ခဲ့သည်။ 

ပြီးခဲ့သည့်ရက်သတ္တပတ်တွင်  မြောက်ကိုရီးယားနိုင်ငံက နှစ်နိုင်ငံ ဆက်ဆံရေးရုံးကို ဖောက်ခွဲခဲ့ပြီး စစ်ရေးကင်းမဲ့ဇုန်သို့ စစ်သည်များ စေလွှတ်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့သော် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ဦးဆောင်ခဲ့သည့် အစည်းအဝေးတွင် စစ်ရေးလှုပ်ရှားမည့်အစီအစဉ်ကို ဆိုင်းငံ့ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။


ယေဘုယျအခြေအနေများကို  ထည့်သွင်းစဉ်းစားပြီး  ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား စစ်တပ်ဗဟိုကော်မရှင်က ပြောသည်။ မြောက်ကိုရီးယားမှာ ပြီးခဲ့သည့်ရက်သတ္တပတ်တွင် စိုက်ထူခဲ့သည့် အသံချဲ့စက်များကိုလည်း စတင်ဖယ်ရှားနေပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံအခြေစိုက် ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။ ပုံမှန်အားဖြင့် မြောက်ကိုရီးယားနိုင်ငံမှာ တောင်ကိုရီးယားဆန့်ကျင်ရေး စကားသံများကြေညာရန် အသံချဲ့စက်များ အသုံးပြုလေ့ရှိသည်။                                                         

 KNT






အခြားဆက်စပ်သတင်းများ