နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အများပြည်သူဆိုင်ရာနေရာများတွင် နှာခေါင်းစည်းတပ်ဆင်ရန် ဘရာဇီးသမ္မတကို တရားသူကြီး ညွှန်ကြား

ဘရာစီလီယာ၊ ဇွန် ၂၄


သမ္မတ ဘော်ဆိုနာရိုအနေဖြင့်  ဘရာဇီးနိုင်ငံမြို့တော်  ဘရာစီလီယာမြို့နှင့် ပတ်ဝန်းကျင်ပြည်ထောင်စုခရိုင်၏ အများပြည်သူဆိုင်ရာ နေရာများကို သွားပါက နှာခေါင်းစည်းတပ်ရမည်ဟု တရားသူကြီးတစ်ဦးက ညွှန်ကြားခဲ့သည်။ 

လက်ယာစွန်းရောက်ဝါဒရှိသည့် သမ္မတ ဘော်ဆိုနာရိုမှာ ကိုရိုနာဗိုင်းရပ်စ်၏ ဘေးသင့်နိုင်ခြေကို လျှော့ချပြောဆိုခြင်းကြောင့် ဝေဖန်ခံခဲ့ရသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါစတင်ချိန်တွင် ဘော်ဆိုနာရိုက ကိုရိုနာဗိုင်းရပ်စ်ကို အအေးမိဖျားနာရုံအဆင့်သာဖြစ်သည်ဟု ပြောခဲ့ဖူးသည်။


ဘရာဇီးနိုင်ငံမှာ ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံပြီးပါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနှင့် သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၁.၁ သန်းကျော်၊  သေဆုံးသူ ၅၁၀၀၀ ကျော် ရှိသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သိသိသာသာမြင့်တက်နေသော်လည်း ဘော်ဆိုနာရိုက လူမြင်ကွင်းတွင် နှာခေါင်းစည်းမပါဘဲ သွားလာနေဆဲဖြစ်သည်။ 

စုဝေးပွဲတစ်ခုတွင် ဘော်ဆိုနာရိုက ပါးစပ်ကို လက်ဖြင့်မအုပ်ဘဲ ချောင်းဆိုးခဲ့သည့်အပြင် နောက်တစ်ကြိမ် တွင်လည်း လက်ဖြင့်အုပ်၍ နှာချေခဲ့ပြီးနောက် အဆိုပါလက်ဖြင့် အမျိုးသမီးကြီးတစ်ဦးကို လက်ဆွဲနှုတ်ဆက် ခဲ့ကြောင်း တွေ့ရသည်။ ဧပြီလ ၃၀ ရက်နေ့ကတည်းက ပြည်ထောင်စုခရိုင်တွင် နှာခေါင်းစည်းတပ်ရန် စတင်အကျုံးဝင်လာခဲ့ပြီး နောက်ပိုင်းတွင် နှာခေါင်းစည်းမတပ်ပါက တစ်ရက်ကိုဒဏ်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၃၈၇ ဒေါ်လာ ဒဏ်ရိုက်သွားမည်ဟု စည်းမျဉ်းတင်းကျပ်ခဲ့သည်။

KNT






အခြားဆက်စပ်သတင်းများ