နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက္ကဆီကိုနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်၍ အနည်းဆုံး လူ ငါးဦး သေဆုံး

မက္ကစီကိုစီးတီး၊ ဇွန် ၂၄


မက္ကဆီကိုနိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ခြင်းကြောင့် အဆောက်အအုံများ လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူငါးဦး သေဆုံးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မက္ကဆီကိုစီးတီးမြို့ကို ပိတ်ဆို့ထားရာ နေထိုင်သူအများအပြားမှာ အိမ်တွင်သာ အလုပ်လုပ်ကြလျက်ရှိသည်။ 

သို့သော် မက္ကဆီကိုအစိုးရ၏ ငလျင်အချက်ပြစနစ် ကောင်းကောင်းအလုပ်ဖြစ်ခဲ့ခြင်းကြောင့် ဒေသခံများမှာ ယင်းတို့၏နေအိမ်များမှ ထွက်ခွာရန် အချိန်ရခဲ့သည်။  ပြင်းအား ၇.၄ မဂ္ဂနီကျူ့စ်ရှိသည့် ငလျင်မှာ မက္ကဆီကိုနိုင်ငံ အနောက်တောင်ဘက် အောက်ဆာကာမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ပြီး ပြည်နယ် ၆ ခုတွင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူငါးဦးလုံးမှာ ပစိဖိတ်ကမ်းရိုးတန်းရှိ အောက်ဆာကာမြို့တွင် နေထိုင်သူများဖြစ်သည်။


မက္ကဆီကိုစီးတီးမြို့တွင် လူရာပေါင်းများစွာ သေဆုံးစေခဲ့ပြီး လူထောင်ပေါင်းများစွာကို အိုးအိမ်မဲ့ဖြစ်စေ ခဲ့သည့် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် သုံးနှစ်မပြည့်မီအချိန်တွင် ယခုကဲ့သို့ အင်အားပြင်းငလျင် ထပ်မံကြုံတွေ့ခဲ့သည်။ ကမ္ဘာလှည့်ခရီးသည်များကြား ရေပန်းစားသည့် လာခါရူစီတာမြို့မှ နေအိမ် ၂၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့သည်။ 

ယခုအချိန်အထိ ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ခံစားရပြီး သီးခြားတည်ရှိသည့်ရွာများသို့ ကယ်ဆယ်ရေး လုပ်သားများ မရောက်ရှိသေးရာ လူအများအပြား ဒဏ်ရာရမည်ကို စိုးရိမ်ပူပန်နေကြသည်။ ငလျင်လှုပ်ပြီးနောက် ၆ နာရီအကြာတွင် အဆိုပါဒေသ၌ ထပ်ကျော့ငလျင် ၄၀၀ ကျော် လှုပ်ခတ်ခဲ့သည်ဟု ဆိုသည်။

KNT






အခြားဆက်စပ်သတင်းများ