နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသားစွမ်းရည် ပြည့်ဝရေး အားထုတ်ကြိုးပမ်း

 ကမ္ဘာတစ်ဝန်းတိုးတက်လျက်ရှိသည့် သိပ္ပံနှင့်နည်းပညာများ၊ သတင်းအချက်အလက်နှင့်ဆက်သွယ်မှုနည်းပညာများ၏ အပြန် အလှန်အထောက်အကူပြု တိုးတက်လာမှုကြောင့် နိုင်ငံအသီးသီး၏ လူမှုစီးပွားရေးဘဝပြောင်းလဲတိုးတက်လာသည်။

 မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါများသည့်နိုင်ငံ ဖြစ်သည်။ နိုင်ငံစီးပွားတိုးတက်ရေးအတွက် သဘာဝသယံဇာတ ထက်ပို၍အရေးကြီးသည်မှာ လူသားစွမ်းရည်ဖြစ်သည်။ လူသား    စွမ်းရည်ပြည့်ဝသည့်လူမျိုးဖြစ်ရန် ယနေ့လူငယ်လူရွယ်များကို  လေ့ကျင့်ပျိုးထောင်တည်ဆောက်ပေးရန်ဖြစ်သည်။

 တက္ကသိုလ်သက်တမ်း ၃၁ နှစ်ပြည့်မြောက်သည့် တောင်ကြီး တက္ကသိုလ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ်မှစတင်ပြီး စီးပွားရေး ပညာအထူးပြုဘာသာရပ်နှင့်သဘာဝပတ်ဝန်းကျင် အထူးပြု ဘာသာရပ်များကို စတင်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဒေသစီးပွားရေး ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ အလားတူ တပ်မတော်ဆေးတက္ကသိုလ်အမျိုးသမီးဗိုလ်လောင်း လျှောက်လွှာ များကို စစ်ရာထူးခန့်ချုပ်ရုံးကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကခေါ်ယူခဲ့သည်။

 မြန်မာနိုင်ငံတွင် အပြောင်းအလဲများနှင့် ထူးခြားစွာဖြစ်ပေါ် လျက်ရှိသည်။ အပြောင်းအလဲ အခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှု အခက်အခဲများလည်း တွဲလျက်ပါဝင်လာသည်။ မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့အတွက်  အာရှ၏အလားအလာကောင်းများ တွက်ဆမိသော နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီးများက စိတ်ဝင် စားကြသည်။

နိုင်ငံသားတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ပို့ကုန်တိုးတက်ရေး၊ နည်းပညာရရှိရေးတို့အတွက် ကြီးမားသော အထောက်အကူပြုနိုင်သောကြောင့် မြန်မာနိုင်ငံသားတို့အတွက် အခွင့်အလမ်းပင်ဖြစ်သည်။ သို့သော် အဓိကရင်ဆိုင်ရမည့်ပြဿနာ မှာ အရည်အချင်းနှင့်စွမ်းဆောင်ရည်များအရန်သင့် အသုံးချနိုင် သောအခြေအနေတွင် ရှိမနေခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ ပညာသင် ကြားရာ တက္ကသိုလ်၏အဓိကလုပ်ငန်းဖြစ်သော သင်ကြားမှု၊ သင်ယူမှု၊ သုတေသနလုပ်ငန်းများက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေသည်။

 ယနေ့အချိန်တွင် သိပ္ပံနှင့်နည်းပညာများ တစ်နေ့တစ်ခြား တိုးတက်ပြောင်းလဲလျက်ရှိရာ တိုးတက်မှုကိုအမီလိုက်နိုင်ရန် ပညာရေးအဆင့်အတန်းမြင့်မားရေးအတွက် ယနေ့လူငယ်၊လူရွယ်များ သည် သာမန်တတ်မြောက်သည်နှင့်ရောင့်ရဲတင်းတိမ်မနေဘဲ ထူးချွန်ထက်မြက်ရန် အစဉ်ကြိုးပမ်းအားထုတ်စေချင်ကြောင်း။  ။






အခြားဆက်စပ်သတင်းများ