နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးမှု အစဉ်အလာမှသည်

၂၀၂၃ ခုနှစ် ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးအတွက် ယှဉ်ပြိုင်ရန်သတ်မှတ် ထားသော  ပြိုင်ပွဲအဆင့်နှင့်ဘာသာရပ်များကို ထုတ်ပြန်ကြေညာ ထားသည်။ ယှဉ်ပြိုင်ရန်သတ်မှတ်ထားသော ပြိုင်ပွဲအဆင့်များမှာ ါသနာရှင် (ပထမတန်း) အဆင့်၊ ဝါသနာရှင် (ဒုတိယတန်း) အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ (အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း) အဆင့်၊ အခြေခံပညာ (အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ် အတွင်း) အဆင့်တို့ဖြစ်သည်။

 ကျွန်ုပ်တိုနိုင်ငံ၌   ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာမှာ ရှေးအဆက်ဆက်ကတည်းက ဝင့်ကြွားထည်ဝါအားကောင်းပြီး ဂုဏ်တင့်ဖွယ်ကောင်းလှသည်။ သာယာငြိမ့်ညောင်းဖွယ် သံစဉ်များ ကို ကြားရလျှင် စိတ်နှလုံးဘဝင်တွင် လွမ်းမောကြည်နူးစေသည်။ မြူးကြွသည့်သံစဉ်များကိုကြားရလျှင် တက်ကြွလန်းဆန်းစိတ်ရွှင် လန်းမှုကိုဖြစ်စေသည်။

 မြန်မာတို့၏ ပင်ကိုယ်ဗီဇနှင့်စိတ်ဓာတ်၊ စရိုက်လက္ခဏာများ အရ ရှေးအစဉ်အဆက်ကတည်းက မြန်မာတို့နှင့်လိုက်ဖက်တင့်တယ် သော အနုပညာသံစဉ်တေးသွားများရှိပြီးဖြစ်သည်။ ထို့ အတူခေတ်ရေစီး ကြောင်းနှင့်ပြောင်းလဲလာသော အခြေအနေများအရ အနောက်တိုင်း တေးဂီတများ လွှမ်းမိုးလာသည်မှာ သဘာဝကျသည်။ သို့သော် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာ   အနုပညာသံစဉ်များလည်း မပျောက်ကွယ်သင့်ပါ။ အရိုးပေါ်အရွက်မဖုံးသင့်သည့် သံစဉ်တေးသွား များဖြစ်ရန်လိုအပ်သည်။

ယင်းအခြေအနေတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများက အထောက်အပံ့ဖြစ်နေရာ ပြိုင်ပွဲများ ကျင်းပလာခဲ့ရာ ယခုကျင်းပမည့် ၂၄ ကြိမ်မြောက်အထိ ဆောင်ကြဉ်း လာနိုင်ခဲ့သည်။

 ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊အရေး အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ဩဂုတ် ၁၁ ရက်က နေပြည်တော်ရှိသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၌ ကျင်းပရာ ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက                  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်မှာကြားရာတွင် ၂၄ ကြိမ်မြောက်ပြိုင်ပွဲကြီးကို ယခင်နှစ်များကဲ့သို့ ပြိုင်ပွဲဘာသာရပ် ဆိုင်ရာ ပြည့်ပြည့်စုံစုံ၊ အကဲဖြတ်ပညာရှင်ကြီးများ သိုက်သိုက်ဝန်းဝန်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ် ရွက်ပုန်းသီးပြိုင်ပွဲ ဝင် လူငယ်မောင်မယ်များ အင်ပြည့်အားပြည့်ဖြင့်ပါဝင်ယှဉ်ပြိုင်နိုင် ကြရေးအတွက် သက်ဆိုင်ရာဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ  တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်းနှင့် ယခင် ၂၃ ကြိမ်မြောက် ပြိုင်ပွဲမှအားနည်းချက်များကို သင်ခန်းစာယူ၍ အားသာ ချက်များအဖြစ် ပြောင်းလဲကာ ပြိုင်ပွဲအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ထည့် သွင်းမှာကြားခဲ့သည်။

၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအား လှိုက်လှဲစွာဂုဏ်ယူကြိုဆိုခြင်းဖြင့် ရိုးရာ ယဉ်ကျေးမှုအမွေကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်စေချင် ကြောင်း၊   ။






အခြားဆက်စပ်သတင်းများ