ရန်ကုန် ဇွန် ၂၃
Covid-19ကပ်ရောဂါကြောင့် မြန်မာနိုင်ငံသို့ပြန်မလာနိုင်ဘဲ တောင်ကိုရီးယားနိုင်ငံတွင် ပိတ်နေသူများကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ရန်စီစဉ်ထားကြောင်းသိရသည်။
မူလကဇွန် ၂၆ ရက်နေ့ကို စီစဉ်ထားသော်လည်း ဇွန် ၂၉ ရက်နေ့ကို ပြန်လည်ရက်ရွှေ့ပြောင်းထားကြောင်းဆိုးလ်မြို့ရှိမြန်မာသံရုံးကအသိပေးချက်တစ်စောင် ဇွန် ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်းသိရသည်။
နေထိုင်ခွင့် ကုန်ဆုံးမည့် မြန်မာနိုင်ငံသားများအပြင် တာဝန်ပြီး၍ သင်္ဘောပေါ်ကဆင်းခဲ့သော မြန်မာသင်္ဘောသားများနှင့် မဖြစ်မနေ ပြန်ရမည့်သူများကို မြန်မာသံရုံးကအထူးအစီအစဉ်အဖြစ် အင်ချွန်း လေဆိပ်မှ ကိုရီးယားလေကြောင်းလိုင်းဖြင့် ပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်းသိရသည်။
လိုက်ခွင့်ရသူစာရင်းကိုစောစောစီးစီးထုတ်ပြန်ပေးမည်ဟုကြေညာချက်၌ဖော်ပြပါရှိပြီး၊ အလားတူ ဗြိတိန်နိုင်ငံလန်ဒန်မြို့ရှိ မြန်မာသံရုံးကသင်္ဘောသားများအပါအဝင် မြန်မာနိုင်ငံသား ၅၀ဝ ကို နှစ်သုတ်ခွဲပြီး ကာတာလေကြောင်းကစင်းလုံးငှားလေယာဉ်ဖြင့် ဇွန်(၁၉)ရက်နေ့ကလန်ဒန်မှ မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်