နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘတ်စ်ကားမီးလောင်၊ ခရီးသည်များ အဝေးပြေးလမ်းမပေါ် ဆင်းပြေး

ဗျူနိုအေးရိစ်   သြဂုတ် ၁၈

အာဂျင်တီးနားနိုင်ငံတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး ရုတ်တရက် မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည်များသည် အဝေးပြေးလမ်းမပေါ်သို့ အထိတ်တလန့်ဆင်းပြေးရကြောင်း သြဂုတ် ၁၇ ရက်တွင် အာဏာပိုင်များကပြော သည်။

ဗျူနိုအေရီစ်မြို့ရှိ ဂျင်နရယ် ပါ့ဇ် အဝေးပြေးလမ်းမတွင်ဘတ်စ်ကားတစ်စင်းလုံး လျင်မြန်စွာ မီးလောင်ကျွမ်းနေပုံကို ရဲတပ်ဖွဲ့ လုံခြုံရေးကင်မရာများကတဆင့် မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။

လောင်စာဆီယိုဖိတ်မှုကြောင့် ဘတ်စ်ကားပေါ်ရှိ မီးတောက်များသည် ကတ္တရာလမ်းတစ်လျှောက် ပျံ့နှံ့သွားပြီး အခြားကားများ ဖြတ်သန်းသွားလာမှုကိုပါ အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း သိရသည်။

မီးလောင်ရသည့် အကြောင်းအရင်းသည် ဘတ်စ်ကား၏ စက်ပိုင်းဆိုင်ရာ ပြဿနာကြောင့်ဖြစ်ကြောင်း၊ ဖြစ်စဉ်တွင်      လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။                                                              

 (ref: AP)






အခြားဆက်စပ်သတင်းများ