နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးခြောက်သုံးစွဲမှု တရားဝင်ခွင့်ပြုမည့် ဥပဒေမူကြမ်း ဂျာမနီအစိုးရ အတည်ပြု

ဘာလင်  သြဂုတ် ၁၈

ဂျာမနီတွင်အပန်းဖြေရန် ရည်ရွယ် ချက်ဖြင့် ဆေးခြောက်အသုံးပြုမှုနှင့် စိုက်ပျိုးမှု တရားဝင်ခွင့်ပြုမည့် ဥပဒေ မူကြမ်းကို အစိုးရက သြဂုတ် ၁၇ ရက်တွင် အတည်ပြုလိုက်သည်။ 

ယင်းဥပဒေကို လွှတ်တော်က အတည်ပြုရန်ကျန်ရှိနေပြီး ဥပဒေ ပြဌာန်းလိုက်ပါက အရွယ်ရောက်ပြီး သူများသည် ဆေးခြောက် ၂၅ ဂရမ် အထိ ပိုင်ဆိုင်ခွင့်၊ အများဆုံးအပင် သုံးပင် စိုက်ပျိုးခွင့် သို့မဟုတ် ဆေး ခြောက်ကလပ်များတွင် ဆေးခြောက် များရယူခွင့်ကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ယခုဥပဒေသည် မှောင်ခိုဈေးကွက် ကိုတားဆီးနိုင်ပြီး မသန့်ရှင်းသည့် ဆေးခြောက်သုံးစွဲမှုကို အကာအကွယ် ပေးကာ တရားစီရင်ရေးဝန်ထုပ်ဝန်ပိုး ကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးဇ်၏ ဗဟိုလက်ဝဲအစိုးရက မျှော်လင့်ထား သည်။

အကယ်၍ အဆိုပါဥပဒေ မူကြမ်း ကို လွှတ်တော်တွင်အတည်ပြုနိုင် မည်ဆိုပါက ဂျာမနီသည် ဥရောပတွင် သဘောထားအကြီးဆုံး ဆေးခြောက် ဥပဒေပြဋ္ဌာန်းသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ကြောင်း၊ လက်ရှိတွင် ယင်းဥပဒေကို ဆန့်ကျင်ကန့်ကွက် မှုများလည်း ပြင်းထန်လျက်ရှိနေ ကြောင်းသိရသည်။             

(ref:AP)






အခြားဆက်စပ်သတင်းများ