နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိသျှပြတိုက်ရှိ ရှေးဟောင်းပစ္စည်းများ ပျောက်ဆုံး

လန်ဒန်  သြဂုတ် ၁၈

လန်ဒန်မြို့ ဗြိတိသျှပြတိုက်တွင်ထားရှိသော ရှေးဟောင်းပစ္စည်းများ ခိုးယူခံ ရသဖြင့် ပျောက်ဆုံးသွားကြောင်း ပြတိုက်ညွှန်ကြားရေးမှူး 'ဟာ့တ်ဝစ်ဖစ်ရှာ' က သြဂုတ် ၁၇ ရက်တွင် ပြောသည်။ 

ပြတိုက်တွင် အဆိုပါသတင်းကို သိရှိပြီးနောက် သံသယရှိသည့် ဝန်ထမ်းတစ်ဦး ကို အလုပ်ထုတ်ပယ်လိုက်ကာ ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။ 

ထုတ်ပြန်ချက်အရ ခိုးယူခံရသည့် ပစ္စည်းများတွင် ဘီစီ ၁၅ ရာစုမှ အေဒီ ၁၉ ရာစုအတွင်းရှိ ရွှေ၊ လက်ဝတ်ရတနာများ၊ ဖန်ထည် များ၊ ကျောက်မျက်ရတနာများ ပါဝင်ပြီး ယင်းပစ္စည်းများသည် သိုလှောင်ရာအခန်းထဲတွင် ထိန်းသိမ်းထားခြင်း ဖြစ်ကာ လူအများရှေ့မှောက်တွင် ပြသထားခြင်းမရှိကြောင်း သိရသည်။

အဆိုပါရှေးဟောင်းပစ္စည်းများကို ပညာရေးနှင့် သုတေသနလုပ်ငန်းများ အတွက် အဓိကထိန်းသိမ်းထားခြင်းဖြစ်ပြီး လက်ရှိတွင် စုံစမ်းစစ်ဆေးရန်အတွက် မြို့တော်ရဲတပ်ဖွဲ့ စီးပွားရေးမှုခင်းကွပ်ကဲမှုဌာနချုပ်ကို တိုင်ကြားထားကြောင်း သိရသည်။

ဗြိတိသျှပြတိုက်သည် ခရီးသွားဧည့်သည်များ အများဆုံးလာကြသည့် နေရာ များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး  ၁၇၅၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ နှစ်စဉ် လာရောက်ကြည့်ရှုသူပေါင်း ခြောက်သန်းကျော်ရှိသည့်ပြတိုက်တစ်ခုဖြစ်သည်။

(ref:BBC)






အခြားဆက်စပ်သတင်းများ