နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆော်ဒီအသင်း နည်းပြသစ် မန်စီနီကို ခန့်အပ်ရန် သဘောတူညီမှုရ

ဩဂုတ် ၁၈

 ဆော်ဒီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေသည့် ဆော်ဒီအသင်း နည်းပြရာထူးအတွက် ပြီးခဲ့သည့် ရက်ပိုင်းက အီတလီအသင်းနည်းပြ ရာထူးမှနုတ်ထွက်ခဲ့သည့် နည်းပြ မန်စီနီကိုခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

အသက် ၅၈ နှစ်ရှိ နည်းပြ မန်စီနီ သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က အီတလီအသင်းကို စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်အောင် စွမ်းဆောင် ပေး နိုင်ခဲ့သော်လည်းအသင်းအနေ ဖြင့် ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ၌ ခြေစစ်ပွဲမအောင်မြင်ခဲ့ဘဲ ပြိုင်ပွဲနှင့်လွဲချော်ခဲ့ရခြင်းဖြစ်သည်။

အီတလီအသင်းနှင့် နည်းပြမန်စီနီ တို့၏ စာချုပ်သက်တမ်းမှာ လာမည့် ယူရို ၂၀၂၄ ပြိုင်ပွဲပြီးမှသာ ကုန်ဆုံးမည် ဖြစ်သော်လည်း ရုတ်တရက်လမ်းခွဲ ခဲ့ပြီးနောက် ဆော်ဒီနိုင်ငံဘောလုံးအဖွဲ့ ချုပ်က ဆော်ဒီအသင်းနည်းပြသစ် အဖြစ် ခန့်အပ်ရန် ကမ်းလှမ်းမှုများချက် ချင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆော်ဒီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နည်းပြ မန်စီနီကိုတစ်နှစ်လုပ်ခ စတာလင်ပေါင် ၃၄ သန်းဖြင့် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲထိ တာဝန်ယူ ကိုင်တွယ်ရန် ကမ်းလှမ်းခဲ့ရာ သဘာတူ ညီမှုရရှိခဲ့ခြင်းဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ