နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သက်ရှည်ကျန်းမာ၊ ဘဝတိုးတက်ရေး

လူ၏ကျန်းမာရေးတွင် စိတ်ချမ်းသာပါလျှင် ကိုယ်လည်း လန်းဆန်း၍ အရာရာအဆင်ပြေနိုင်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လုပ်ငန်းခွင် ဝင်ချိန်မှစ၍ ပြီးဆုံးချိန်အထိပြည့်ပြည့်ဝဝလုပ်ဆောင်နိုင်ကြပြီး လုပ်ငန်းခွင်ပြီးဆုံးချိန်တွင် နောက်ဆံမတင်း၊ စိတ်လွတ်၊ လက်လွတ် အနားယူနိုင်ကြ၏။

 အနားယူသဖြင့်လည်း ကိုယ်လက်လန်းဆန်းကာအင်အားပြည့် ဖြိုးပြီး၊ နောက်တစ်ရက်အတွက် အင်အားသစ်တိုးစေ၏။ ထိုအခါ လုပ်ငန်းများ စနစ်တကျနှင့်အောင်မြင်ဖြစ်ထွန်းလာ၏။ ကျွန်ုပ်တို့ မှာ အောင်မြင်လို၏။ လန်းဆန်းလို၏။ 

သို့သော်ထူထောင်နေဆဲ၊ ရုန်းကန်နေဆဲမှာ နှစ်ရှည်ကြာမြင့်လာ ၏။ ထိုအခါတိုးတက်လာသည်မှာ အလုပ်များဖြစ်ပြီး ဆုတ်ယုတ် လာသည်မှာ ကျန်းမာရေးဖြစ်၏။ လုပ်ငန်းခွင်တွင်အချိန်ကိုက်ဖြစ် စေရေး၊ အမှားအယွင်းကင်းစင်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီရေး၊ ညွှန်ကြားချက်နှင့်ညီညွှတ်ရေး၊ ပေါ့လျော့မှုမဖြစ်ရေး၊ လုပ်မှားကိုင်မှားမဖြစ်ရေး၊  အလုပ်ခွင်ဆိုင်ရာသတ်မှတ်ချက်များ အား သတိကြီးစွာကျင့်သုံးရသည်။ ထိုအခါ စိတ်ဖိစီးမှုများဖြစ်ပေါ်ရ သည်။

 တတ်နိုင်သမျှ မိမိစိတ်နှင့်ကိုယ်ကိုထားတတ်အောင်နေထိုင်ပါ က စိတ်သက်သာရာရစေသည်။ စိတ်ပျက်လက်လျှော့ခြင်းအစား မြင့်မြတ်သော စိတ်ထားအကောင်းဆုံးသည်းခံနိုင်ရန် ကြိုးပမ်း တည်ဆောက်ရမည်။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာမှအလုပ်လုပ်နိုင် မည်ဖြစ်ရာ ကျန်းမာရေးကိုဦးစားပေးသင့်သည်။

 အချိန်ကာလကန့်သတ်ချက်ကို အတိအကျလိုက်နာသင့်၏။ လုပ်ငန်းလည်းအောင်မြင်၏။ အနားယူမှုလည်းရစေ၏။ မှန်မှန်အိပ်၊ မှန်မှန်စား၊ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ဆောင်ရွက်သင့်၏။ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွှတ်သည့်လုပ်ငန်း ခွင်များဖြစ်အောင် ဆောင်ရွက်ရန်လိုအပ်သည်။

အလုပ်သမားများ၏ ကုန်ထုတ်စွမ်းရည်တိုးတက်လာပြီး လုပ်ငန်းများအကြား ယှဉ်ပြိုင်စွမ်းအားမြင့်တက်လာမည်ဖြစ်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာ အဆင်မြှင့်တင် နိုင်ရေး  ကြိုးပမ်းအကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ ထို့ကြောင့် အလုပ်လည်းလုပ်ပါ။ အနားလည်းယူပါဟုဆိုချင်၏။

 အလုပ်သည်အရေးကြီးသကဲ့သို့ ကျန်းမာရေးအတွက်လည်း များစွာအရေးပါသဖြင့်  ချင့်ချိန်ပိုင်းခြားလုပ်တတ်ကိုင်တတ်ဖိုလိုအပ်မည်ဖြစ်သည်။ စိတ်ဖိစီးခြင်းမှကင်းလွတ်ကာ လူ့ဘဝတွင် အကောင်းဆုံးနေထိုင်ပြီး အောင်မြင်သောဘဝကိုပိုင်ဆိုင်စေချင် ကြောင်း။     ။






အခြားဆက်စပ်သတင်းများ