ရန်ကုန် ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ ဇွန် ၂၂ ရက်၊ နံနက် ၄ နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၇၁)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းမပေါ်၌ ရှိုင်းကိုကိုထက်ထံမှ အရိုးအသွား(၂၄)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မွန်းလွဲ ၂ နာရီခွဲအချိန်တွင် (၁၀)ရပ်ကွက်၊ မုံရွာလမ်းမပေါ်၌ အောင်ပိုင်စိုးထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ည ၇ နာရီ ၅၅ မိနစ်အချိန်တွင် (၇)ရပ်ကွက်အတွင်းလမ်းမပေါ်၌ ဇော်ထက်ထံမှ အရိုးအသွား(၁၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ည ၈ နာရီအချိန်တွင် (၂၀)ရပ်ကွက်၊ မင်းရဲကျော်စွာ(၁)လမ်းမပေါ်၌ ကျော်လွင်ထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၀ နာရီခွဲ အချိန်တွင် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်၌ လှစိုးထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊
လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ဇွန် ၂၂ ရက်၊ ညနေ ၃ နာရီခွဲအချိန်တွင် မင်းမင်းစိုးထံမှ အရိုးအသွား(၉) လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီအချိန်တွင် (၆၀)ရပ်ကွက်၊ ရွှေစောင်းတော်လမ်းမပေါ်၌ ဝင်းထွန်းထံမှ အရိုးအသွား(၁၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် ကြံခင်းစုရပ်ကွက်၊ အောင်မေတ္တာလမ်းမပေါ်၌ မင်းမင်းစိုး ထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ပုဂံလမ်းမပေါ်၌ တင်အောင်မိုးထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ဇွန် ၂၂ ရက်၊ ည ၇ နာရီခွဲအချိန်တွင် (၁၅)ရပ်ကွက်၊ ဝန်ထမ်းကြီးများကွင်း၊ ကမ်းပတ်တာလမ်းမပေါ်၌ လှမျိုးထွန်းထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်း အသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
ဆွေဦး