နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Move Forward ပါတီတောင်းဆိုမှု ထိုင်းတရားရုံးပယ်ချ ပီတာ ဝန်ကြီးချုပ် မဖြစ်နိုင်

ဘန်ကောက်  သြဂုတ် ၁၇

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင်ပီတာ ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည် စာရင်းတင်သွင်းခွင့် ပိတ်ပင်ထားခြင်း အပေါ် ပြန်လည်သုံးသပ်ရန် ပါတီ၏ တောင်းဆိုမှုကို ထိုင်းနိုင်ငံ၏ ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက သြဂုတ် ၁၆ ရက်တွင် ပယ်ချလိုက် သည်။

ထိုင်းနိုင်ငံသည် အိမ်စောင့်အစိုးရ အောက်တွင် ငါးလကြာနေပြီဖြစ်ကာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင်ပီတာ ကို ဝန်ကြီးချုပ်အဖြစ် မျှော်လင့်ထား သော်လည်း တော်ဝင်ဝါဒီစစ်တပ်နှင့် မဟာမိတ်လွှတ်တော်အမတ်များ  ပယ်ချမှုကြောင့် အစိုးရသစ်ဖွဲ့စည်းနိုင် ခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိတွင် ရွေးကောက်ပွဲ ဒုတိယ နေရာရ Pheu Thai ပါတီနိုင်ငံရေး သမားတစ်ဦးဖြစ်သည့် စထရက်သာ သာဗင်ဆင်ကို ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားပြီး သြဂုတ် ၂၂ ရက် တွင် လွှတ်တော်တွင်းမဲခွဲရန် စီစဉ် ထားသည်။            

(ref; CNA)







အခြားဆက်စပ်သတင်းများ