နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုလထံ အာဖဂန်အမျိုးသမီးများ ပညာရေးအခွင့်အလမ်း တောင်းဆို

ကဘူးလ် ဩဂုတ် ၁၇

အာဖဂန်တွင် အမျိုးသမီး ၁ ဒသမ ၁ သန်းကျော်ကို ပညာသင်ကြားခွင့် ပိတ်ပင်ထားခြင်းကြောင့် AfghanGirlsVoice ဟူသောအမည်ဖြင့် ကုလသမဂ္ဂထံ ပညာရေးအခွင့်အလမ်းများ တောင်းဆိုနေကြောင်း သိရသည်။

တာလီဘန်များ၏ တင်းကြပ်သောစည်းမျဉ်းများကြောင့် များစွာသော မိန်းကလေးများနှင့် အမျိုးသမီးများသည် ၎င်းတို့၏ပညာရေးကို ရှေ့ဆက်နိုင်ရန် ပြည်ပနိုင်ငံများသို့ထွက်ကာ ပညာသင်ကြားရသည်ဟု ဆိုသည်။

ထို့ကြောင့် AfghanGirlsVoice ဟူသောအမည်ဖြင့် လှုပ်ရှားမှုတစ်ခုပြုလုပ်ကာ ကုလသမဂ္ဂနှင့်ကျန်အဖွဲ့အစည်းများအား အာဖဂန်အမျိုးသမီးများ၏ ပညာရေး တန်းတူညီမျှခွင့်ပေးရန် တောင်းဆိုနေကြောင်း သိရသည်။

တာလီဘန်များ အာဏာရလာချိန်မှစ၍ အာဖဂန်ရှိအမျိုးသမီးများ၏အခြေ အနေသည် ကမ္ဘာပေါ်တွင်အဆိုးရွားဆုံးဖြစ်လာပြီး အာဖဂန်၌ဖြစ်နေသော အခြေအနေများသည် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းဖြစ်သောကြောင့် နိုင်ငံ တကာရာဇ၀တ်တရားရုံးမှ တရားစွဲဆိုသင့်သည်ဟု ကုလသမဂ္ဂကမ္ဘာ့ပညာရေး ကိုယ်စားလှယ်က ပြောသည်။

တာလီဘန်များသည် အမျိုးသမီးများအား ပန်းခြံ၊ အားကစားခန်းမနှင့် စားသောက်ဆိုင်အစရှိသည့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများသို့ သွားလာခွင့်အပြင် ပညာသင်ကြားခွင့်များကိုပါ ပိတ်ပင်ထားသည်။

(ref : Reuters)







အခြားဆက်စပ်သတင်းများ