နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီဖယ်မျှော်စင်ဖွင့်ချိန် မကြာခဏ နောက်ကျ

ပဲရစ် သြဂုတ် ၁၇

ပဲရစ်မြို့ရှိ ကမ္ဘာကျော်အီဖယ်မျှော်စင် ဖွင့်ချိန်သည် ယခုရက်ပိုင်းအတွင်း မကြာခဏ နောက်ကျလျက်ရှိသည်။

အရက်မူးနေသည့် အမေရိကန်ခရီးသည်နှစ်ဦးသည် အီဖယ်မျှော်စင် ကန့်သတ်နေရာကို ဝင်အိပ်နေခြင်းကြောင့် အီဖယ်မျှော်စင်ဖွင့်ချိန် နောက်ကျ ခြင်းဖြစ်ကာ ယင်းတို့နှစ်ယောက်သည် လုံခြုံရေးအတားအဆီးများကိုကျော်၍ ကန့်သတ်နေရာကိုဝင်ရောက်ပြီး နောက်မျှော်စင်ပေါ်တွင် အရက်မူးပြီး အိပ်ပျော်သွားခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးဝန်ထမ်းများသည် မျှော်စင်ပေါ် လိုက်လံစစ်ဆေးရာတွင် ယင်းတို့ နှစ်ယောက်ကိုတွေ့ရှိပြီး ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ ရာဇဝတ်မှုနှင့် တိုင်ချက်ဖွင့်ထားကြောင်း၊ ယင်းဖြစ်ရပ်ကြောင့် အီဖယ်မျှော်စင် ဖွင့်ချိန်နောက်ကျခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ထို့ပြင် အီဖယ်မျှော်စင်သည် သြဂုတ် ၁၂ ရက်ကလည်း လုံခြုံရေး ခြိမ်းခြောက်မှုနှစ်ကြိမ် ကြုံတွေ့ရခြင်းကြောင့် မျှော်စင်ဖွင့်ချိန် နောက်ကျခဲ့ ကြောင်း သိရသည်။

(ref: AP)






အခြားဆက်စပ်သတင်းများ