နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါရာဂွေးသမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

အဆန်စီယွန် သြဂုတ် ၁၇

ပါရာဂွေးနိုင်ငံတွင် ဧပြီလက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရထားသော စီးပွားရေးပညာရှင် ဆန်တီယာဂို ပီနာသည် သမ္မတအဖြစ် သြဂုတ် ၁၆ ရက်က ကျမ်းသစ္စာကျိန် ဆိုလိုက်သည်။

လာမည့်ငါးနှစ်အတွင်း ကြီးမား သည့် မဟာမိတ်တည်ဆောက်ကာ ခိုင်မာအားကောင်းပြီး ကျင့်ဝတ်ပြည့်ဝ သည့်ခေါင်းဆောင်မှုကို ပြသမည် ဖြစ်ကြောင်း သမ္မတသစ်ပီနာက ကတိပြု ပြောကြားသည်။

သမ္မတပီနာ၏ ကျမ်းကျိန်ပွဲကို တောင်အမေရိကခေါင်းဆောင်များ၊ စပိန်ဘုရင်နှင့် ထိုင်ဝမ် ဒုတိယသမ္မတ တို့ တက်ရောက်ကြသည်။

ဧပြီလ ရွေးကောက်ပွဲတွင် အခိုင် အမာ အနိုင်ရခဲ့သည့် အသက် ၄၄ နှစ်အရွယ် ဆန်တီယာဂို ပီနာသည် သမ္မတမာရီယိုအဒိုဘီနီတက်ဇ်၏ နေရာကို ရယူလိုက်ခြင်းဖြစ်ပြီး ယင်းတို့နှစ်ဦးလုံးသည် ရာစုနှစ် တစ်ခု၏ နောက်ဆုံးလေးပုံသုံးပုံ အထိ ပါရာဂွေးနိုင်ငံရေးကို လွှမ်းမိုးထား သော ရှေးရိုးစွဲကော်လိုရာဒိုပါတီက ဖြစ်သည်။

ပါရာဂွေးနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ကျဆင်းနေသည့် စီးပွားရေးကို နာလန် ပြန်ထူရန် ကြိုးပမ်းနေရပြီး အလုပ် လက်မဲ့များပြားမှု၊ မလုံခြုံမှု၊ အကျင့် ပျက်ခြစားမှု၊ အခြေခံအဆောက် အအုံနှင့် ကျန်းမာရေးစနစ်ချို့တဲ့မှု ပြဿနာများအပြင် လတ်တလော မိုးခေါင်မှုနှင့် အဆက်မပြတ်တိုးလာ သည့် ကြွေးမြီပြဿနာကိုလည်း ရင်ဆိုင်နေရသည်။

(ref: AFP)






အခြားဆက်စပ်သတင်းများ