ဩဂုတ် ၁၇
ရိုးမားအသင်းက ကွင်းလယ် ကစားသမား မာတစ်ကို လက်လွှတ် ခဲ့ရပြီးနောက် ကွင်းလယ်ပိုင်း လိုအပ် ချက်အတွက် ပီအက်စ်ဂျီအသင်း ကွင်းလယ်ကစားသမား ရီနာတိုဆန်း ချက်ကို အပြီးသတ်ဝယ်ယူခွင့်ပါသည့် တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ ကြောင်း သိရသည်။
ရီနာတိုဆန်းချက်နှင့် ရိုးမားအသင်း တို့၏ သဘောတူစာချုပ်တွင် ပီအက်စ် ဂျီအသင်းက အငှားစာချုပ်အတွက် ယူရိုတစ်သန်းရရှိမည်ဖြစ်ပြီး စာချုပ် ကုန်ဆုံးပါက ယူရို ၁၅ သန်းဖြင့် ရိုးမား အသင်းက အပြီးသတ်ဝယ်ယူနိုင်မည် ဖြစ်ကာ ကစားသမားအနေဖြင့် အသင်း နှင့် ပွဲပေါင်း ၆၀ ရာခိုင်နှုန်းကျော် ပါဝင် ကစားနိုင်ခဲ့ပါက အပိုဆုကြေး ယူရို ၁၅ သန်း ထပ်မံရရှိမည်ဖြစ်ပြီး ကစား သမားအနေဖြင့် အသင်းသစ်တွင် ကျောနံပါတ် ၂၀ အင်္ကျီကို ဝတ်ဆင် ကစားမည်ဖြစ်သည်။
ထို့ပြင် ရိုးမားအသင်းသည် ပီအက်စ် ဂျီအသင်း ကွင်းလယ်ကစားသမား ပါရီဒက်စ်ကိုလည်း ယူရို လေးသန်း ဖြင့် အပြီးသတ်ခေါ်ယူရန် စွမ်းဆောင် နိုင်ခဲ့ကြောင်း သိရသည်။
သူရိန်