ဩဂုတ် ၁၇
မန်စီးတီးအသင်းသည် ဘယ် တောင်ပံခံစစ်ပိုင်းတွင် ခြေစွမ်းပြသနေ သည့် လူငယ်ကစားသမား ရီကို လူးဝစ်ကို ၂၀၂၈ ခုနှစ်အထိ ငါးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အသက် ၁၈ နှစ်အရွယ်ရှိ လူငယ် ကစားသမား ရီကိုလူးဝစ်သည် ဗဟိုခံ စစ်ပိုင်းတွင်သာမက ဘယ်တောင်ပံ ခံစစ်ပိုင်းတွင် ပါဝင်ကစားနိုင်သည့် အတွက် နည်းပြဂွါဒီယိုလာက ပြီးခဲ့ သည့် ဘောလုံးရာသီကတည်းက အသင်းကြီးသို့ခေါ်ယူကာ ချန်ပီယံ လိဂ်ပြိုင်ပွဲနှင့် အက်ဖ်အေဖလားပြိုင်ပွဲ တို့တွင်အသုံးပြုခဲ့ပြီး ပြိုင်ပွဲစုံ ၂၃ ပွဲထိ ပါဝင် ကစားခွင့်ရရှိခဲ့ရာ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဆီဗီလာအသင်းကို ဂိုးသွင်း ယူနိုင်ခဲ့သောကြောင့် ပြိုင်ပွဲသမိုင်း တစ်လျှောက်တွင် အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းကောင်းတစ်ရပ်ကိုလည်း ရရှိ ခဲ့သည်။
ထို့ကြောင့် မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာကလာမည့် ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက်တွင် စာချုပ် သက်တမ်းကုန်ဆုံးမည့် လူငယ်ကစား သမားကို ခံစစ်ပိုင်းလိုအပ်ချက်အတွက် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးခဲ့ပြီး ငါးနှစ် စာချုပ်သက်တမ်းတိုးနိုင် ကြောင်း သိရသည်။
သူရိန်