မျက်မှောက်ကာလတွင် ပြောင်းလဲလာသောခေတ်စနစ်နှင့် အညီကဏ္ဍာအလိုက်ပြုပြင်ပြောင်းလဲဖော်ဆောင်မှုများကို ဆောင် ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မူလအခြေအနေနှင့်ကိုက်ညီ သော လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဖော် ဆောင်လျက်ရှိရာ ယခုအခါအောင်မြင်မှုလမ်းစများကို မြင်တွေ့နေ ရပြီဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်းများတွင် မိရိုးဖလာစိုက်ပျိုးနည်းများဖြင့် ဆောင်ရွက်ကြရာ အခြားသော အခက်အခဲများ၊ ခေတ်မမီသည့် စိုက်ပျိုးရေးနည်းစနစ်များကြောင့် တိုးတက်မှုနှေးကွေးသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် ကျွဲ၊ နွားများဖြင့် ထွန်ယက် စိုက်ပျိုးသည့်နေရာတွင် စွမ်းအားပြည့်လယ်ယာထွန်စက်များဖြင့် အစားထိုးဆောင်ရွက်လာကြသည်။
စွမ်းဆောင်ရည်မြင့်မားသော လယ်ယာသုံးထွန်စက်များသုံးစွဲ ခြင်း၊ စိုက်နည်းစနစ်မှန်ကန်ခြင်း၊ မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးခြင်းတို့ကြောင့် တောင်သူလယ်သမားတို့၏ ဘဝတိုးတက် မြင့်မားလာမည်ဖြစ်သည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် စက် စွမ်းအားတိုးမြှင့်သုံးစွဲလာသည်နှင့်အမျှ လယ်ယာသုံးစက်ကိရိယာ များပြုပြင်ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုနိုင်ရေးလိုအပ်သည်။
သို့ဖြစ်ရာ တောင်သူလယ်သမားများစနစ်တကျ၊ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းကို ဩဂုတ် ၁၄ ရက်မှ ၁၅ ရက်အထိလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာအစိတ်အပိုင်း များ တပ်ဆင်ခြင်းပြင်ဆင်ထိန်းသိမ်းခြင်း၊ စနစ်တကျမောင်းနှင် ခြင်း၊ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းများကို ဩဂုတ် ၁၄ ရက်မှ ၂၅ ရက်အထိ စက်မှုလယ်ယာ စခန်းများတွင် ဖွင့်လှစ်ကာသင်ကြားပို့ချလျက်ရှိသည်။
ပညာရပ်ကျွမ်းကျင်သူများလေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေတိုးတက် ရေးကို အထောက်အပံ့ဖြစ်စေသည်။ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူ မြို့နယ်၌ နွေစပါးဧက ၁၄၁၃၀ အား ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထား သည်။ နွေစပါးစံပြကွက်များတွင် ခေတ်မီရိတ်သိမ်းခြွေလှေ့စက် များဖြင့် ရိတ်သိမ်းခြွေလှေ့မှုကို သုံးစွဲခြင်းဖြင့် အချိန်တိုအတွင်း လုပ်ငန်းအောင်မြင်ပြီးစီးမှုကို မျက်ဝါးထင်ထင်တွေ့ကြရသည်။
လက်ရှိဖြစ်ပေါ်နေသောအခြေအနေအချိန်အခါတွင် လယ်ယာ သုံးစက်ကိရိယာများကို ခေတ်မီသုံးစွဲခြင်းဖြင့် စက်မှုလယ်ယာများ ပေါ်ထွန်းလာရေးအတွက် အထောက်အပံ့ဖြစ်စေကြောင်း။ ။