နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Move Forward ပါတီခေါင်းဆောင် စွပ်စွဲချက်များ တရားရုံးပယ်ချ

ဘန်ကောက် ဩဂုတ် ၁၆

Move Forward ပါတီခေါင်းဆောင် ဖြစ်သူ ပါတီဝန်ကြီးချုပ်လောင်းပီတာ လင်းဂျားရင်းနတ်ကို မီဒီယာကုမ္ပဏီ တွင်အစုရှယ်ယာများ ပိုင်ဆိုင်ထား သည်ဆိုသော ကန့်ကွက်လွှာတင်သွင်း ချက်ကို တရားရုံးက ပယ်ချလိုက် ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ စုံစမ်းရေး ကော်မတီက သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန်သည်။

မစ္စတာပီတာသည် iTV မီဒီယာ ကုမ္ပဏီတွင် အစုရှယ်ယာ ၄၂,၀၀၀ ပိုင်ဆိုင်ထားခြင်းကြောင့် ရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အရည် အချင်းမပြည့်မီကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ရောင်ခရိုင်လီး ကစ်ဝတ္ထနာက ကန့်ကွက်လွှာတင် သွင်းပြီးနောက် ရွေးကောက်ပွဲကော် မရှင်က ဇူလိုင်လတွင် ယင်းကိစ္စကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

စစ်ဆေးချက်များအရ iTV မီဒီ ယာကုမ္ပဏီသည် လက်ရှိအချိန်တွင် မီဒီယာလုပ်ငန်းများ လုပ်ကိုင်ခြင်း မရှိတော့သလို အမတ်လောင်းလျှောက် ထားချိန် ကြားကာလတွင်လည်း မစ္စ တာပီတာ အနေဖြင့် ယင်းလုပ်ငန်းက ဝင်ငွေမရရှိခဲ့သည့်အတွက် ကန့်ကွက် တိုင်တန်းလွှာကို ပယ်ချသင့်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ စုံစမ်းစစ် ဆေးရေး ကော်မတီကဆုံးဖြတ်လိုက် ခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးရေး ကော်မတီသည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို စဉ်းစားရန် ရွေးကောက်ပွဲကော်မရှင် ကော်မတီခွဲသို့ ပေးပို့ တင်ပြသွားမည်ဖြစ်ပြီး အဆိုပါ ကော်မတီခွဲကတစ်ဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ အပြီးသတ်ဆုံး ဖြတ်ချက်ချနိုင်ရန် ဆက်လက်တင်ပြ သွားမည် ဖြစ်သည်။

(ref: Bangkok Post)






အခြားဆက်စပ်သတင်းများ