နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟိမဝန္တာတောင်တန်းဒေသ မိုးသည်း မြေပြို လူ ၅၀ ကျော်သေဆုံး

နယူးဒေလီ ဩဂုတ် ၁၆

အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်း ဒေသရှိ ပြည်နယ်နှစ်ခုတွင် မိုးသည်း ထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုမှု ဖြစ်ပွားရာ လူ ၅၀ ကျော် သေဆုံးပြီး လူ ၂၀ ကျော် ပျောက်ဆုံးနေကြောင်း သြဂုတ် ၁၅ ရက်တွင် အာဏာပိုင်များက ပြောသည်။ 

အိန္ဒိယနိုင်ငံ ဟီမာချာ ပရာဒက်ရှ် ပြည်နယ်တွင် ၂၄ နာရီအတွင်းအဆက် မပြတ်မိုးရွာသွန်းပြီး မြေပြိုမှုဖြစ်ပွား သဖြင့် ယင်းဖြစ်ရပ်များအတွင်း လူဒါ ဇင်ချီသေဆုံးကာ ပြည်နယ်မြို့တော် တွင် ဘုရားကျောင်းတစ်ခု ပြိုကျရာက အနည်းဆုံး ကိုးဦး သေဆုံးသွားသည်။ 

အလားတူ အိမ်နီးချင်း ဥတာရာခ လန် ပြည်နယ်တွင်လည်း ကမ်းပါးပြို ကျပြီး မြစ်ရေလျှံခြင်းကြောင့် အသေ အပျောက်များရှိပြီး မိုးလေဝသဌာနက ပြည်နယ်နှစ်ခုလုံးအတွက် “အနီရောင် သတိပေးချက်”ကို ထုတ်ပြန်ထားသည်။

ပြည်နယ်နှစ်ခုလုံးတွင် ၂၄ နာရီ အတွင်း မိုးရွာသွန်းမှုသည် မိုးရေချိန် ၁၀ လက်မကျော်မှ ၁၆ လက်မအထိ ရှိကြောင်း ပြည်နယ် မိုးလေဝသဌာနက သတင်းထုတ်ပြန်သည်။         

(ref:CNN)






အခြားဆက်စပ်သတင်းများ