နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်ဖွန်းမုန်တိုင်း 'လန်' ကြောင့် ဂျပန်လေကြောင်း ၉၀၀ နီးပါး ဖျက်သိမ်း

တိုကျို ဩဂုတ် ၁၆

ဂျပန်နိုင်ငံ ကုန်းတွင်းပိုင်းသို့ဝင် ရောက်လာသည့် တိုင်ဖွန်းမုန်တိုင်း ကြောင့် ပြည်တွင်းလေကြောင်း ခရီးစဉ် ၉၀၀ နီးပါးကို ဖျက်သိမ်း ပြီး လူ ၂၄၀,၀၀၀ ကိုဘေးကင်းရာ ပြောင်းရွှေ့ကြရန် အမိန့် ထုတ်ထားကြောင်း အာဏာပိုင်များက သြဂုတ် ၁၅ ရက်တွင် ပြောသည်။

နိုင်ငံအတွင်း နေအိမ်ပေါင်း သောင်း ချီကာ လျှပ်စစ်မီး ဖြတ်တောက်ခံထားရ ပြီး မုန်တိုင်းသည် တိုကျိုမြို့ အနောက် တောင်ဘက် ကီလိုမီတာ ၄၀၀ အကွာ ဝါကာယာမာ စီရင်စု တောင်ဘက်စွန်းကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးနောက် ဂျပန်နိုင်ငံအနောက်ပိုင်းနှင့် အလယ်ပိုင်း တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း ဖြစ်သည်။

လေယာဉ်ခရီးစဉ် ဖျက်သိမ်းခြင်း များအပြင် အန္တရာယ်များသည့် မိုးသက် လေပြင်းများကြောင့် လမ်းအချို့ပိတ် ထားရပြီး ရထားပြေးဆွဲမှု ဒါဇင်ပေါင်း များစွာကိုလည်း ရပ်ဆိုင်းထားရသည်။

တိုင်ဖွန်းမုန်တိုင်း "လန်" သည် လေ တိုက်နှုန်း တစ်နာရီလျှင် ၁၅၀ ကီလို မီတာ (၉၃ မိုင်) နှုန်းရှိပြီး ဟွန်ရှူးကျွန်း မကြီး အနောက် မြောက်ဘက်ကို တစ်နာရီ ၁၅ ကီလိုမီတာ (၉ မိုင်) နှုန်း နှင့်ရွေ့လျားနေကာ သြဂုတ် ၁၆ ရက် ညနေပိုင်းတွင် မြောက်ဘက်သို့ ဆက် လက်ရွေ့လျားမည်ဟု ခန့်မှန်းထား ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ထုတ်ပြန်သည်။   

(ref: Kyodo News)







အခြားဆက်စပ်သတင်းများ