ဩဂုတ် ၁၆
လိုက်ပ်ဇစ်အသင်းသည် အသင်းမှ ခံစစ်ကစားသမား ဂါဗာဒီယိုကို မန်စီးတီးအသင်းသို့ လက်လွှတ်ခဲ့ရပြီး နောက် ခံစစ်ပိုင်းလိုအပ်ချက်အတွက် လိုင်ယွန်အသင်း ကစားသမားလူကီ ဘာကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ဖြင့် ခေါ်ယူ၍ လာမည့် ၂၀၂၈ ခုနှစ်ထိ ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရ သည်။
အသက် ၂၀ ရှိ လူငယ်ခံစစ်ကစားသမားသည်လိုင်ယွန်အသင်း နှင့် ၂၀၂၁ ခုနှစ်ကတည်း ပွဲထွက်ခွင့်ရရှိခဲ့ပြီးပြီးခဲ့ သည့် ဘောလုံးရာသီက အသင်း အတွက် ပြိုင်ပွဲစုံ ၆၈ ပွဲထိပါဝင် ကစားခဲ့ရပြီး အမှတ်ပေးပြိုင်ပွဲ ၃၃ ပွဲထိ ပွဲထွက်ကစားခွင့်ရရှိခဲ့ကာ ပြိုင်ဘက် အသင်း၏ တိုက်စစ်ဆင်မှုများကို ၉၀ ရာခိုင်နှုန်းကျော်ထိဖြတ်ထုတ်မှု ပြုလုပ်နိုင်ခဲ့သောကြောင့် လိုက်ပ်ဇစ် အသင်းက ယူရိုသန်း ၃၀ ဖြင့် ခေါ်ယူခဲ့ ခြင်းဖြစ်သည်။
“လူကီဘာဟာ ကျွန်တော်တို့ အသင်းခံစစ်ပိုင်းအတွက် ပစ်မှတ်ထား နေတဲ့ ကစားသမားတစ်ဦးပါ။ သူ့ရဲ့ကစားပုံနဲ့ စွမ်းဆောင်ရည် တွေက အသင်းရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိပါတယ်။ ဒါကြောင့် သူဟာ အသင်းမှာအဓိက ကစားသမား တစ်ဦး ဖြစ်လာမှာပါ။ ဒါ့ပြင် လူကီဘာဟာ ကမ္ဘာ့အဆင့်ခြေစွမ်မျိုး ပြသနိုင် ခဲ့တာကြောင့် ဥရောပရဲ့အကောင်း ဆုံး လူငယ်တွေထဲမှာ ပါဝင်နေသူ တစ်ဦးလည်းဖြစ်ပါတယ်” ဟု လိုက်ပ်ဇစ် အသင်းအားကစား ဒါရိုက်တာမက်အီ ဘာက ပြောသည်။
သူရိန်