နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူအသင်းက ဂရင်းဝုဒ်၏ အနာဂတ်ကို ဆုံးဖြတ်ရန် အချိန်ရွှေ့ဆိုင်း

ဩဂုတ် ၁၆

 မန်ယူအသင်းက လူငယ် တောင်ပံကစားသမား ဂရင်းဝုဒ်၏ အနာ ဂတ်ကို ရက်ပိုင်းအတွင်း ဆုံးဖြတ်ရန် စီစဉ်ထားသော်လည်း မန်ယူအမျိုး သမီး အသင်းကစားသမားများကြောင့် ၎င်း၏ အနာဂတ်ဆုံးဖြတ်မည့်အချိန် ကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဂရင်းဝုဒ် သည် မန်ယူအသင်း အကယ်ဒမီ ထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် က ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆို ကာ နည်းပြဟောင်းများဖြစ်သည့် ဆိုးလ်ရှားနှင့် မော်ရင်ဟိုတို့လက် အောက် တွင် အဓိကကစားသမားအဖြစ်ပါဝင် ခွင့်ရရှိခဲ့သူဖြစ်သည်။

ဂရင်းဝုဒ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက လက်ရှိအတူနေချစ်သူကို ကိုယ်ထိ လက်ရောက် ပြစ်မှုကျူးလွန်ခဲ့ခြင်း ကြောင့်    ရဲတပ်ဖွဲ့၏ထိန်းသိမ်းခြင်းခံခဲ့ ရပြီး မန်ယူအသင်းကစားသမား စာရင်းမှ ဖယ်ရှားခံခဲ့ရသော်လည်း လက်ရှိတွင်အမှုမှ ကင်းလွတ်ခွင့်ရရှိခဲ့ သည့်အတွက် မန်ယူအသင်းနှင့်ပူးပေါင်း ခွင့်ရရှိမည်ဖြစ်သော်လည်း မန်ယူ အမျိုးသမီးအသင်း  ကစားသမားများ က ဂရင်းဝုဒ်ကိုမန်ယူအသင်းနှင့် ပြန်လည် ပူးပေါင်းခွင့်မပေးရန်အတွက်  ဆန္ဒပြမှုများရှိနေသည်။

ထို့ကြောင့် မန်ယူအသင်းကလည်း မန်ယူ အမျိုးသမီးအသင်းကစားသမား များအပြင် အမျိုးသမီးအသင်း ရင်းနှီး မြှုပ်နှံသူများနှင့်တွေ့ဆုံကာ ဂရင်းဝုဒ်၏ အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးရမည်ဖြစ်သည့်အတွက် မန်ယူ အသင်းက ဂရင်းဝုဒ်၏ အနာဂတ်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမည့် အချိန်ကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

သူရိန်







အခြားဆက်စပ်သတင်းများ