နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားသုံးသူများဘေးအန္တရာယ် ကင်းရှင်း‌ရေး ကြိုးပမ်းဆောင်ရွက်

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ လူတိုင်း ကျန်းမာနေပါမှ အသက်ရှင်ရပ်တည်နိုင်မည်ဖြစ်ပြီး အလုပ်ကို ကိုယ်စွမ်းရှိသမျှ လုပ်ကိုင်နိုင်မည်ဖြစ်သည်။ လူတိုင်းအသက်ရှင် ရပ်တည်နိုင်ရေးအတွက် အခြေခံအကျဆုံးသည် ကျန်းမာရေး စောင့်ရှောက်မှုပင်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိသည်။

ယနေ့အခြေအနေတွင်  Facebook   ကဲ့သို့   Online Media  တွင်  ရောင်းချနေသော အချို့တိုင်းရင်းဆေးဝါးများသည် တိုင်းရင်းဆေးပညာဦးစီးဌာနမှ  တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့်  တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်ရရှိထားခြင်း မရှိပါသဖြင့်   အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်း၍ အာနိသင်ထိရောက်မှုအတွက် အာမခံချက်မပေးနိုင်သောကြောင့်  အများပြည်သူများသုံးစွဲရန်မသင့်ကြောင်း  တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

အလားတူပင်ယနေ့စားသောက်နေသော အစားအစာများတွင် ဆိုးဆေးနှင့်အက်ဆစ်မည်မျှပါဝင်သည်ကို သတိပြုကြရမည်ဖြစ် သည်။ လက်ရှိအခြေအနေတွင်    Facebook ပေါ်၌ ငါးပိပြဿနာ ဂယက်ထနေသည်။  အစားအသောက်တွင်  အနံ့၊ အရသာ၊အရောင် အဆင်း၊  ထုပ်ပိုးမှုလွန်စွာကောင်းမွန်သော်လည်း    ဘေးအန္တရာယ် ရှိ၊   မရှိ သတိထားဆင်ခြင်ရန်လိုအပ်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ဓာတုကင်းလွတ်သောသီးနှံပင်များ ကို စိုက်ပျိုးလိုသည့်အဖွဲ့အစည်းများ၊ တောင်သူများအား လိုအပ် သည့်နည်းပညာ၊ မျိုးစေ့နှင့်ယန္တရားများကို ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ပျိုးလိုသူများကို ကူညီဖြည့်ဆည်းပေးလျက်ရှိ သည်။

 ပုံမှန်စိုက်ပျိုးရေးနည်းစနစ်တွင် ခေတ်မီဓာတုဗေဒဆေးများ ပိုးသတ်ဆေးများအသုံးပြုကာ စိုက်ပျိုးခြင်းကြောင့် စားသုံးသူများ ရေစင်ကြယ်စွာမဆေးကြောပါက ဓာတုဗေဒဆေးဝါးများနှင့်ပိုးသတ် ဆေးများ၏ အန္တရာယ်ကိုခံစားရနိုင်သည်။

 သို့ဖြစ်ရာ ပြည်သူများကျန်းမာသုခပြည့်ဝရေးအတွက် အစား အသောက်၊ ဆေးဝါးများသည်အဓိကကျလျက်ရှိရာ ထုတ်လုပ် သူရော၊ စားသုံးသူတို့ပါ အထူးသတိပြုဆင်ခြင်စေချင်ပါကြောင်း။   ။







အခြားဆက်စပ်သတင်းများ