ရန်ကုန် ဇွန် ၂၃
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ၂၀၂၀ ပြည့်နှစ်ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆ အားယာဉ်မောင်းများသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက်၁၀နာရီကသုံးခွမြို့ ရှစ်မျက်နှာစေတီရှေ့တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု ၆၁ မှ တပ်ဖွဲ့၀င်များကဆောင်ရွက်ခဲ့ကြစဉ်။
စည်သူလင်း(ပြန်/ဆက်)