နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွန်မြတ်သောဆေးဝါး၊ ကုသမှုများ အလှူဒါနပြုစေချင်

ကျွန်ုပ်တိုနိုင်ငံတွင် အခမဲ့ဆေးဝါးကုသပေးမှုများ တိုးပွားလာ လျက်ရှိသည်။ အခမဲ့ဆေးဝါးကုသပေးခြင်းကို လူထုကအမှန်ပင် လိုလားကြသည်။ နေရေး၊ စာရေးထက် ဆေးဖိုးမရှိပါက မသက်သာ သည့်အဆုံးရောက်မှသာ ဆေးရုံ၊ ဆေးခန်းသွားကြရသည်။

 ဤသည်မှအခမဲ့ဆေးဝါးကုသပေးမှုများ လိုအပ်နေကြောင်း ထင်ရှားသကဲ့သို့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများနှင့် ဆင်းရဲသားပြည်သူများက အခမဲ့ဆေးဝါးကုသပေးခြင်းကို ကြိုဆို လျက်ရှိသည်။ လူတစ်ကိုယ်တွင် ကျန်းမာရေးသည် အရေးကြီးဆုံး ဖြစ်သည်။ လူတွင်ကျန်းမာရေးထက်အရေးကြီးသော အရာမရှိနိုင် ပါ။‌

 အခမဲ့ဆေးဝါးကုသပေးခြင်းကို နိုင်ငံတော်အပိုင်းကသာမက၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကလူမှုရေးအဖွဲ့အစည်း များကလည်း ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လျက်ရှိသည်။ ကျန်းမာရေး ဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက် မှုများကို လက်လှမ်းမီရရှိစေရေး၊ ပြည်သူများစိုက်ထုတ်ကုန်ကျရ သော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေးနှင့် အထူးကုသ မှုများကိုလိုအပ်သော  ပြည်သူများအား သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ ကုသမှုများရရှိစေနိုင်ရန် အထူးကုသရေးအဖွဲ့များအနေဖြင့် ကွင်းဆင်းကုသမှုအစီအစဉ်များ ကို ဆောင်ရွက်လျက်ရှိသည်။

ယခုနှစ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုဒဏ်ခံ စားရသည့် ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ခဲ့သည်။ မန္တလေး         ပြည်သူဆေးရုံကြီးနှင့်နေပြည်တော်ပြည်သူဆေးရုံကြီး (ခုတင် ၁၀၀၀) တို့မှ နှလုံးရောဂါဆေးပညာ၊ အသည်းရောဂါဆေးပညာ၊ အရိုး၊ အကြောအဆစ်ဆေးပညာ၊ အစာအိမ်နှင့်အူလမ်းကြောင်း ဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့်ဟော်မုန်း ဆေးပညာ၊ သွေးရောဂါပညာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့်  အထူးကုဆေးကုသရေးအဖွဲ့သည် ဩဂုတ် ၁၂၊ ၁၃ရက် တွင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် မကွေးတိုင်းဒေသ ကြီး၊ မကွေးမြို့သို့သွားရောက်၍ ပြည်သူဆေးရုံကြီးမကွေးမြို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့်အတူ  ဒေသခံပြည်သူများ အား ဆေးကုသမှုများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်မှ ဝေဒနာရှင် လူနာ ၅၁၈ ဦးတို့ကို ကြည့်ရှု ကုသပေးနိုင်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြားသောတိုင်းဒေသကြီး ပြည်နယ်တွင်လည်း အလားတူအစီအစဉ်များ ဆက်လက်ဆောင် ရွက်မည်ဖြစ်ရာ ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းတိုးတက် လာစေရန် အခမဲ့ဆေးဝါးကုသမှုများ၊ ဆေးအလှူများကို တိုးမြှင့် ဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ