နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခြင်ကြောင့် ဖြစ်ပွားသောရောဂါများ ကာကွယ်ရေး ကြိုးပမ်းဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာနသည် ခြင်ကြောင့်ဖြစ်ပွားသော ရောဂါ များ ဖြစ်ပွားမှုကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ လူဦးရေတစ်ဝက်ကျော်သည် ကူးစက်မှုအန္တရာယ်ရှိ  ဒေသများတွင် နေထိုင်ကြပြီး တစ်နိုင်ငံလုံးတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှု သုံးသိန်းနီးပါးရှိသည်ဟု သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။ 

ကမ္ဘာ့ငှက်ဖျားရောဂါဖြစ်ပွားသေဆုံးမှု၏ ရာခိုင်နှုန်း ၉၀ သည် အာဖရိကနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိပြီး ဒုတိယအများဆုံးဖြစ်ပွား သေဆုံးမှုများမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံတို့နည်းတူ ဖြစ်ပွား သေဆုံးနှုန်းအများဆုံးတွင် ပါဝင်သည်။

မြန်မာနိုင်ငံ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးအနေ ဖြင့်  ၂၀၁၅ ခုနှစ်တွင် ထောင်စုနှစ်ရည်မှန်းချက်ဖြစ်သော ငှက်ဖျားရောဂါ ဖြစ်ပွားသေဆုံးနှုန်းထက်ဝက်လျှော့ချရေး ရည်မှန်းချက်ကိုပြည့်မီ အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ငှက်ဖျားရောဂါဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးခြင်း၊ ရောဂါရှာဖွေ ဖော်ထုတ်ခြင်းနှင့် ကုသမှု ရှိနိုင်ခြင်းတို့မှ တစ်ဆင့် အသက်ရှင်ခွင့်ရရှိခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆိုင်ရာ အလေ့ အကျင့်ကောင်း၊ ရလဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရန် နှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်သည်။

အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ ဦးရေ ၇၈၀၂၈ ဦး အထိ မြင့်တက်လာ ကြောင်း သေဆုံးသူ ၃၆၄ ဦးရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကျန်းမာရေးဝန်ကြီး ဌာနသည် ခြင်ကြောင့်ဖြစ်ပွားသောရောဂါများ ဖြစ်ပွားမှုကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသည် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သည့် နေရာများ၊ ရှင်းလင်းခြင်း၊ ရေစည်၊ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း စနေအထူးစုပေါင်းလုပ်အားပေး ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ခြင်ကြောင့်ဖြစ်ပွားသော ရောဂါများမဖြစ်ပွားစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းများအပါအဝင် ရပ်ရွာနေပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ