နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆော်ဒီနိုင်ငံက နိုင်ငံတကာခရီးသည်များကို ဟာ့ဂျ်ဘုရားဖူးခရီးစဉ် လာရောက်ခွင့်ပိတ်ပင်

ဇွန် ၂၃


 ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရန်အတွက် ဆော်ဒီနိုင်ငံက ယခုနှစ်တွင် နိုင်ငံတကာခရီးသည်များကို အစ္စလာမ်ဘာသာဝင်များ၏ ဟာ့ဂျ်ဘုရားဖူးခရီးစဉ် လာရောက်ခွင့်ပိတ်ပင်ထားသည်။ လက်ရှိအချိန်တွင် ဆော်ဒီနိုင်ငံအတွင်း နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားအချို့ကိုသာ ဝတ်ပြုဆုတောင်းခွင့်ပေးမည်ဟု ဆော်ဒီနိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ကြေညာထားသည်။ ပုံမှန်အားဖြင့် ယခုနှစ်နွေရာသီတွင် မက္ကာနှင့် မက်ဒီနာမြို့များကို ခရီးသည် ၂ သန်းနီးပါး လာရောက်ရန်ရှိသည်ဟု ခန့်မှန်းထားသည်။


ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေခြင်းကြောင့် ဟာ့ဂျ်ဘုရားဖူးခရီးစဉ်ကို လုံးဝဖျက်သိမ်းပစ်မည်ကို စိုးရိမ်ပူပန်ခဲ့ကြသည်။ ဟာ့ဂျ်ဘုရားဖူးကာလမှာ အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးပြက္ခဒိန်တွင် အထူးခြားဆုံးအခိုက်အတန့်ဖြစ်သည်။ ဆော်ဒီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆၁၀၀၅ ဦး ရှိနေပြီး လူ ၁၃၀၇ ဦး သေဆုံးခဲ့သည်။ ဆော်ဒီနိုင်ငံမှာ ပြီးခဲ့သည့်အားလပ်ရက်ကမှ နိုင်ငံတဝန်း ပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ ဘဝတစ်သက်တာတွင် ဟာ့ဂျ်ဘုရားဖူးခရီးစဉ် အနည်းဆုံးတစ်ကြိမ် သွားရောက်ရေးမှာ ကျန်းမာရေးကောင်းမွန်ပြီး ငွေကြေးတတ်နိုင်သည့် အစ္စလာမ်ဘာသာဝင်တိုင်း လိုက်နာရမည့် မဏ္ဍိုင်ကြီး ၅ ရပ်အနက် တစ်ရပ်ဖြစ်သည်။                         

(KNT)






အခြားဆက်စပ်သတင်းများ