နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ့်တပ်ဖွဲ့ကိုယ် ပြန်တိုက်ခိုက်ရန် စီစဉ်နေသည်ဟုဆိုကာ အမေရိကန်စစ်သည်တစ်ဦးကို စွဲချက်တင်

ဝါရှင်တန် ဇွန် ၂၃


အမေရိကန်စစ်သည်တစ်ဦးမှာ နာဇီဝါဒရှိသည့် အဖွဲ့တစ်ဖွဲ့ကို သတင်းအချက်အလက်များ ပေးပို့ပြီး ကိုယ့်တပ်ဖွဲ့ကိုယ် ချုံခိုတိုက်ခိုက်ရန် စီစဉ်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး အကြမ်းဖက်မှုဖြင့် စွဲချက်တင်ခံထားရသည်။ အသက် ၂၂ နှစ်ရှိသည့် အီသန်မယ်ဇာမှာ ယင်း၏တပ်ဖွဲ့နှင့်ပတ်သက်သည့် ထိလွယ်ရှလွယ်သော အသေးစိတ် သတင်းအချက်အလက်များကို Order of the Nine Angles အဖွဲ့ထံ ပေးပို့ခဲ့သည်။ မကောင်းသည့်အတတ်အပေါ် အခြေခံပြီး နာဇီဝါဒရှိသည့် အဆိုပါအဖွဲ့မှာ လူမျိုးရေးလှုံ့ဆော်မှု အစွန်းရောက်အဖွဲ့ဖြစ်သည်ဟု အမေရိကန်နိုင်ငံ တရားရေးဝန်ကြီးဌာနက ပြောသည်။


အီသန်မယ်ဇာမှာ ကိုယ့်တပ်ဖွဲ့၏ သတင်းအချက်အလက်များကို ဂျီဟတ်များထံ ပေးပို့ရန် စီစဉ်နေ သည်ဟု စွပ်စွဲခံထားရသည်။ ပြီးခဲ့သည့်လနှောင်းပိုင်းက ယင်း၏အစီအစဉ်ကို FBI နှင့်အမေရိကန်စစ်တပ်က တားဆီးနိုင်ခဲ့ပြီး ဇွန်လ ၁၀ ရက်တွင် ယင်းကို ဖမ်းဆီးရမိခဲ့သည်။ တပ်သား အီသန်မယ်ဇာမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက အမေရိကန်စစ်တပ်တွင် စာရင်းပေးသွင်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။                                                (KNT)






အခြားဆက်စပ်သတင်းများ