နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူငယ်နှင့် ပရဟိတလုပ်ကိုင်သူများ ဘေးအန္တရာယ် ကြိုတင်စီမံပြင်ဆင်မှုများ ပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးများ အဖြစ်များနေသော ကာလဖြစ်သည်။ လူ့ပယောဂကြောင့် ဖြစ်သော ဘေးများကိုမဖြစ်စေအောင် တားဆီး၍ ရကောင်းရမည်ဖြစ်သော် လည်း သဘာဝပယောဂကြောင့်ဖြစ်သော ဘေးများကိုတားဆီး၍ ရနိုင်မည် မဟုတ်ပေ။ 

ယနေ့အချိန်အခါတွင် သဘာဝပယောဂကြောင့် ဘေးများအဖြစ် များလာသည်။ ဘေးကြောင့် လူ့အသက်၊ အိုးအိမ်စည်းစိမ်များ၊ အခြေခံအဆောက်အအုံများနှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီး ဆုံးရှုံးမှုများသည်လည်း ပိုမိုများပြားလာလျက်ရှိသည်။

သဘာဝဘေးအန္တရာယ်များ  ဖြစ်ပေါ်ပါက  တုံ့ပြန်နိုင်သော         စွမ်းအားစုတစ်ရပ်အနေဖြင့်သော်လည်းကောင်း၊  သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ဦးစီးဆောင်ရွက်နိုင် သော ပရဟိတလူငယ်များ အမြဲအဆင်သင့်ဖြစ်နေစေရန် ပရဟိတ လူငယ်အင်အားစုများ များစွာလိုအပ်သည်။

သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့၏ အန္တရာယ်ကို လျှင်မြန်စွာ ရင်ဆိုင်တုံ့ပြန်ကျော်လွှားရာတွင် ပရဟိတလူငယ်များ၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုသည် အလွန်ထိရောက် အကျိုးရှိသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြည်း၊ ရေ၊ လေ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များက အင်တိုက် အားတိုက် စွမ်းစွမ်းတမံ ပါဝင်ကြသည်။ အချို့ကယ်ဆယ်ရေးအဖွဲ့ဝင် များ အသက်ပေးခဲ့ကြရသည်။

မြန်မာနိုင်ငံမှ လူငယ်အများစုသည် ပရဟိတစိတ်ဓာတ်ပြည့်ဝ ပြီး ဖြစ်ပေါ်လာခဲ့သော သဘာဝဘေးအန္တရာယ်များတွင် အများ အကျိုးအတွက် စွန့်လွှတ်အနစ်နာခံမှု၊ ရိုသားကြိုးစားမှု ပုံရိပ်များက ကမ္ဘာကပင် အသိအမှတ်ပြုကြရသည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခဒဏ်၊ သဘာဝဘေးဒဏ်တို့ကို ကြံ့ကြံ့ခံ ရင်း ပြန်လည်ဖွံ့ဖြိုးရှင်သန်လာမြဲ၊ ကြံ့ခိုင်မြဲဖြစ်သော နိုင်ငံတော်၊ သဘာဝဘေးအန္တရာယ်များကို တပ်မတော်၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်မှုဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေး စွမ်းစွမ်းတမံ ဆောင်ရွက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ