နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးသွားဝန်ဆောင်မှု တိုးတက်ဖြစ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်

ပြည်သူအားလုံး၏ တူညီသည့်အပြင်းပြဆုံးဆန္ဒမှာ ခရီးသွား ခြင်း ဖြစ်သည်။ နေရာတစ်ခုတွင် နေထိုင်မှုအချိန်ကြာလာသည်နှင့် အမျှ အပြောင်းအလဲအနေဖြင့် ခရီးသွားချင်ကြသည်မှာ သဘာဝ ဖြစ်သည်။ ခရီးသွားခြင်းသည် စိတ်နှလုံးရွှင်လန်းစေပြီး မွန်းကျပ်နေ သော စိတ်ခံစားချက်များကို ဖြေလျော့စေကာ ပေါ့ပါးလန်းဆန်း၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာခြင်းကိုဖြစ်စေသည်။ ယင်းကြောင့် ခရီးသွားခြင်းကို လူတို့၏ စိတ်သန္တာန်၌ ဖြစ်လေ့ရှိသည့် ပြင်းပြသော ဆန္ဒဖြစ်သည်။

မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာ စေရန် ပြုပြင်ပြောင်းလဲ ပြေလျှော့ပေးနိုင်မှုကြောင့် ၂၀၁၆ ခုနှစ်တွင် ပြည်ပခရီးသွား နှစ်သန်းကျော် လာရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ခရီးသွား လေးသန်းကျော်အထိ နှစ်ဆတိုးတက်လာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများ အား ဩဂုတ် ၉ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံမှာကြား ရာတွင် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းသည် လည်း မီးခိုးမထွက်သည့် စက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသတွင်းသို့  ပြည်တွင်းပြည်ပမှ ခရီးသွားများ ဝင်ရောက်ခြင်းဖြင့် ‌ဒေသအကျိုး      စီးပွားကိုဖြစ်ပေါ်စေနိုင်မည်ဖြစ်သောကြောင့် အားပေးမြှင့်တင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် ဒေသအလိုက် သန့်ရှင်း သာယာမှုရှိစေရေး တည်းခိုနေထိုင်ရေး၊ ဒေသအစားအစာများ၊ ‌ဒေသထွက်လက်ဆောင်ပစ္စည်းများ ရောင်းချနိုင်ရေးဝန်ဆောင်မှု အပြည့်အဝပေးနိုင်ရေးတွက်လည်း ကြိုတင်ပြင်ဆင် စီမံဆောင်ရွက် ထားရန်လိုကြောင်း၊ အလားတူ အထည်ချုပ်လုပ်ငန်းများသည်လည်း အလုပ်အကိုင်အခွင့်အလမ်း များစွာဖြစ်ပေါ်စေနိုင်ကာ တစ်ဦးချင်း၏  ဝင်ငွေတိုးတက်စေနိုင်သည်ဖြစ်သောကြောင့် အားပေးဆောင်ရွက် သွားရန်လိုကြောင်း။     

အလုပ်အကိုင်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများ များပြားလျက်ရှိခြင်းကြောင့် နိုင်ငံအတွင်း ရှိ အချို့နေရာဒေသများတွင် လုပ်သားအင်အား ရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းတို့ကြောင့် ပြည်တွင်းအလုပ်အကိုင် အခွင့် အလမ်းများကို အားပေးဖော်ဆောင်ရန်လိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်နှင့် ပြည်သူပြည်သားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရေး လက်တွေ့ကျကျ အကောင်အထည်ဖော်ရာ တွင် မီးခိုးမထွက်သည့် စက်မှုလုပ်ငန်းတစ်ခုဖြစ်သည်။ ခရီးသွား လုပ်ငန်းများ ပြည်တွင်းပြည်ပ ကူးလူးဆက်သွယ်မှုများ မြန်မြန် ဆန်ဆန် တိုးမြှင့်လာရေးအတွက် ဝိုင်းဝန်းလက်တွဲ အကောင် အထည်ဖော် ဆောင်ရွက်စေချင်ကြောင်း။       ။







အခြားဆက်စပ်သတင်းများ