ဩဂုတ် ၁၀
အာဆင်နယ် အသင်းသည် ကွင်းလယ်ကစားသမား နီကိုး လပ်စ်ပီပီကို စတာလင်ပေါင် ၇ ဒသမ ၅ သန်းပေးချေ၍ စာချုပ် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ကွင်းလယ် ကစားသမား နီကိုးလပ်စ်ပီပီသည် အာဆင်နယ် အသင်းနှင့် လာမည့် ၂၀၂၄ ခုနှစ် မှ စာချုပ်သက်တမ်း ကုန်ဆုံး မည်ဖြစ်သော်လည်း နည်းပြ အာတီတာက ကစားသမားနှင့် လမ်းခွဲရန်သာ ဆုံးဖြတ်ခဲ့ပြီး ၎င်းလက်ထက်တွင် စာချုပ် ဖျက်သိမ်းခဲ့သည့် ကစားသမား ကိုးဦးထိရှိလာခဲ့သည်။
နည်းပြ အာတီတာသည် ၂၀၁၉ ခုနှစ်က အာဆင်နယ် အသင်းကို စတင်တာဝန်ယူပြီး နောက်ပိုင်း အသင်းကို ပြုပြင် ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပြီး လူငယ်ကစားသမားများကိုသာ အဓိက နေရာပေးခဲ့ကာ ၎င်း၏ ကစားကွက်နှင့် ကိုက်ညီမှုမရှိ သည့် ကစားသမားများကို စာချုပ် ဖျက်သိမ်းခဲ့သည်။
နီကိုးလပ်စ်ပီပီသည် ၂၀၁၇ ခုနှစ်က လိုင်လီအသင်းမှ အာဆင် နယ်အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၇၂ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး အသင်း နှင့်ပြိုင်ပွဲစုံ ၁၁၂ ပွဲ ပါဝင်ကစားခဲ့ ရာ သွင်းဂိုး ၂၇ ဂိုးသာ သွင်းယူ နိုင်ခဲ့ပြီး ပုံစံကောင်း ပျောက်ဆုံး နေသူဖြစ်သည်။
သူရိန်