နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာ လူငယ်တိုက်စစ်မှူး အန်ဆုဖာတီ အသင်းမှ ထွက်ခွာရန် သဘောတူညီမှုရရှိ

ဩဂုတ်  ၁၀

ဘာစီလိုနာအသင်း အကယ် ဒမီထွက် တိုက်စစ်မှူး အန်ဆု ဖာတီသည် ခြေစွမ်းပြသနိုင်သည့် ကစားသမားတစ်ဦး ဖြစ်သော် လည်း နည်းပြ ဇာဗီလက်ထက် တွင် ပုံမှန်ပွဲကစားခွင့် ပျောက်ဆုံး ခဲ့သဖြင့် အသင်းမှ ထွက်ခွာရန် တောင်းဆိုခဲ့ရာ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

နည်းပြ ဇာဗီသည် ကြံ့ခိုင်မှု အားနည်းသည့် လူငယ် ကစား သမား အန်ဆုဖာတီကို အသင်း အနာဂတ်စီမံကိန်းတွင် ထည့်သွင်း ခဲ့ခြင်းမရှိသောကြောင့် ကစား သမားအနေဖြင့် အသင်းမှထွက်ခွာ ရန် တောင်းဆိုခဲ့ရာ အသင်း အနေဖြင့် ထွက်ခွာခွင့်ပြုခဲ့ပြီး ကမ်းလှမ်းလာမည့် အသင်း တစ်သင်းသို့ ပြောင်းရွှေ့ကစား ရန် ဆုံးဖြတ်ထားသည်။

တိုက်စစ်မှူး အန်ဆုဖာတီ သည် ဘာစီလိုနာအသင်းနှင့် လာမည့် ၂၀၂၇ ခုနှစ်ထိ စာချုပ် သက်တမ်းကျန်ရှိနေပြီး စာချုပ် ဖျက်သိမ်းကြေး ယူရို တစ်ဘီလီယံ ရှိသည်။

အသက် ၂၀ နှစ်အရွယ်ရှိ လူငယ်တိုက်စစ်မှူး အန်ဆုဖာတီ ၏ စွမ်းဆောင်ရည်ပိုင်းကို ပီအက်စ် ဂျီအသင်း နည်းပြသစ် အင်းနရစ် က နှစ်သက်မှုရှိနေကြောင်း သိ ရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ