နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာအသင်းမှထွက်ခွာရန် အစီအစဉ်မရှိဟု ကွင်းလယ်ကစားသမား ပက်ဒရီ ပြော

ဩဂုတ် ၈

ဘာစီလိုနာအသင်း လူငယ် ကစားသမား     ပက်ဒရီက ပီအက်စ်ဂျီအသင်းနှင့် အပြောင်း အရွှေ့သတင်းများ ထွက်ပေါ်နေ မှုကို ငြင်းပယ်ခဲ့ပြီး ဘာစီလိုနာ အသင်းမှ ထွက်ခွာရန် အစီအစဉ်  မရှိဘဲ ကစားသမားဘဝ ကုန်ဆုံး ချိန်ထိ အသင်းတွင်သာ ဆက် လက် ကစားလိုကြောင်း ပြော ကြားခဲ့သည်။

အသက် ၂၀ သာရှိသေးသည့် ကွင်းလယ်ကစားသမား ပက်ဒရီ သည် ပရော်ဖက်ရှင်နယ် ကစား သမားဘဝကို ပြီးခဲ့သည့် ၂၀၁၉  ခုနှစ်က  စပိန်ကလပ်  လက်စ် ပါးမက်အသင်းနှင့် စတင်ခဲ့သူ ဖြစ်ပြီး လက်စ်ပါးမက်အသင်း တွင်  တစ်ရာသီ  ကစားခဲ့ရာ၌ အကောင်းဆုံး ခြေစွမ်းပြသနိုင် ခဲ့သည့်အတွက် ဘာစီလိုနာ အသင်းက ၂၀၂၀ ပြည့်နှစ်တွင် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

"ကျွန်တော့်ကို ဘာစီလိုနာ အသင်းကနေ   ခေါ်ယူနိုင်ဖို့ အတွက်တော့ လိုအပ်ချက်တွေ အများကြီးရှိနေမှာပါ။ ပီအက်စ်ဂျီ အသင်းနဲ့   ကောလာဟလ သတင်းတွေ   ထွက်နေတာ ကျွန်တော်  စိတ်မဝင်စားပါဘူး။ ကျွန်တော် ဒီအသင်းမှာ နှစ်တွေ အများကြီး ကစားချင်ပါတယ်" ဟု ပက်ဒရီက ပြောသည်။

ပက်ဒရီသည် ဘာစီလိုနာ အသင်းနှင့်အတူ  အကောင်း ဆုံး ခြေစွမ်းပြသနေသူဖြစ်ပြီး အသင်း၏ ကွင်းလယ်ပိုင်းတွင် အဓိက ကစားသမားတစ်ဦး အဖြစ် ပွဲထွက်ခွင့်ရရှိနေသူဖြစ် သည်။                                 

သူရိန်







အခြားဆက်စပ်သတင်းများ