ဩဂုတ် ၈
ပီအက်စ်ဂျီအသင်းသည် တိုက်စစ်ပိုင်းအတွက် ဘင်ဖီကာ အသင်းမှ တိုက်စစ်မှူး ဂွန်ကာ လိုရာမို့စ်ကို တစ်ရာသီအငှား စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဂွန်ကာလိုရာမို့စ် သည် ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ပေါ်တူဂီ အသင်းအတွက် ပထမဆုံး ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး နောက် ၎င်း၏ခြေစွမ်းပိုင်းကို ဥရောပထိပ်သီးကလပ်အသင်း များက စိတ်ဝင်စားခဲ့ပြီး ၂၀၂၂- ၂၃ ဘောလုံးရာသီတွင်လည်း ဘင်ဖီကာအသင်းတွင် ပြိုင်ပွဲစုံ ၄၇ ပွဲ၌ သွင်းဂိုး ၂၇ ဂိုးထိ သွင်းယူ ခြေစွမ်းပြသနိုင်ခဲ့သောကြောင့် ပီအက်စ်ဂျီအသင်းက ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပီအက်စ်ဂျီအသင်းသည် ဘင်ဖီကာအသင်းနှင့် သဘော တူညီချက်တွင် ကစားသမား အနေဖြင့် အငှားစာချုပ်သက် တမ်း ကုန်ဆုံးပါက ပြောင်းရွှေ့ ကြေး စတာလင်ပေါင်သန်း ၈၀ ဖြင့် အပြီးသတ်ခေါ်ယူနိုင် မည်ဖြစ်ကာ ငါးနှစ်သဘောတူ စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။
ပီအက်စ်ဂျီအသင်းသည် အသင်းမှထွက်ခွာရန် ပြင်ဆင်နေ သည့် အမ်ဘတ်ပီနှင့် နေမာတို့၏ နေရာတွင် အစားထိုးနိုင်ရန် ကစားသမားသစ်များ ခေါ်ယူ လျက်ရှိပြီး တိုက်စစ်မှူး ဂွန်ကာ လိုရာမို့စ်ကို အငှားစာချုပ် ဖြင့် ခေါ်ယူနိုင်ခဲ့သည့်အပြင် ဘာစီလိုနာအသင်း တောင်ပံ ကစားသမား ဒမ်ဘီလီကို ခေါ်ယူ နိုင်ရန် သဘောတူညီမှုရရှိထား သည်။
သူရိန်