နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းကျန်းမာရေး သီတင်းပတ်လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကဏ္ဍ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး အစီအစဉ်အရ လုပ်ငန်းစဉ်များ ကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပညာ သင်နှစ်အလိုက် အခြေခံပညာကျောင်းအားလုံးတွင် ပညာရေး            လက်တွေ့ဖွံ့ဖြိုးရေးလုပ်ငန်းများကို   ပညာရေးပြက္ခဒိန်ရေးဆွဲ သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြက္ခဒိန်အရ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်ကို သတ်မှတ် ထားသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းအားလုံး ၌ ကျောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းလုပ်ငန်း၊ ကျောင်းကျန်းမာရေး စစ်ဆေး‌ရေးနှင့် ကုသရေးလုပ်ငန်း၊ ကူးစက်ရောဂါကာကွယ်ရေး လုပ်ငန်း၊ ကျောင်းကျန်းမာရေးဆိုင်ရာ ပညာပေးလုပ်ငန်း၊ ကျောင်း တွင်း အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းစသည့် ကျောင်းကျန်းမာရေး လုပ်ငန်း ငါးရပ်ကို ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူလူငယ်များသည် ပညာသင်ယူရာ ကျောင်းများ၌ စိတ်လက်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် မိမိတို့၏ သင်ခန်းစာ များကို သင်ယူလေ့လာနိုင်ရေးအတွက် ကျောင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး အထူးအရေးပါလှသည်။

ကျောင်းနေအရွယ်ကပင် ကျန်းမာရေးအသိပညာဗဟုသုတနှင့် အလေ့အကျင့်ကောင်းများ တစ်ပေါင်းတည်းရရှိ ဆောင်ရွက်ခြင်း သည် ဘဝတစ်သက်တာ အလေ့အကျင့်ကောင်းများအတွက် အရေးပါသည်။ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၏ ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းကာ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိသည်။

ကျောင်းများတွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများ ကျင်းပခြင်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူ များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်း၊ သွား နှင့် ခံတွင်းရောဂါများ စစ်ဆေးပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ သန်ချဆေးနှင့် သံဓာတ်ဆေးဝါးများ တိုက်ကျွေးခြင်းတို့ ဆောင်ရွက် ကြသည်။

ကျန်းမာရွှင်လန်းသော ကျောင်းသူ၊ ကျောင်းသားများက ပညာသင်ရေး စိတ်ရောကိုယ်ပါ ရွှင်လန်းတက်ကြွစွာဖြင့် လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်ရာ အခြေခံပညာကျောင်းအားလုံး တက်ကြွ စွာ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ