နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး ရှေ့သို့လှမ်းချီ ဘဝသစ်ဆီ

မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေး အသင်းသည် ပြည်သူ့အကျိုးပြုလူမှုရေးလုပ်ငန်းများ တက်ညီ လက်ညီ လျှောက်လှမ်းလာခဲ့သည်မှာ ၁၀ နှစ်တာ ခရီးရောက်ရှိခဲ့ပြီး အသင်းဆောင်ပုဒ်မှာ လုံခြုံလှပဘဝများ အမျိုးသမီးနှင့် ကလေးတိုင်း ရစေသား ဆောင်ပုဒ်ဖြစ်သည်။

တစ်ကမ္ဘာလုံးတွင် အမျိုးသမီးနှင့် ကလေးသူငယ် နှစ်သန်းကျော် မှာ အတင်းအဓမ္မခိုင်းစေသည့် အလုပ်များထဲတွင် ကျင်လည်နေရ သည်ဟု  နိုင်ငံတကာအလုပ်အကိုင်အခြေအနေ သုံးသပ်ချက် အရ သိရသည်။ အကြမ်းဖက်စေခိုင်းမှုသည် ကျေးကျွန်စနစ်သာ ဖြစ်သည်။ ယင်းသည် လူ့ဘဝအတွက် လိုအပ်ချက်တစ်ရပ်ဖြစ်သည် ဟု ဆိုနိုင်သော်လည်း မျက်မှောက်ကာလတွင် မရှိအပ်သောစနစ် ဖြစ်သည်။ 

ယင်းတို့မှာ အိမ်ဖော်ကဲ့သို့ အလုပ်၊ လူ့ခန္ဓာကိုယ်နှင့် ရင်းနှီးရသော အလုပ်များ၊ ကလေးလုပ်သားများ ဖြစ်ကြသည်။ ထိုအလုပ်အကိုင် များမှာ နိုင်ငံတိုင်းတွင် ရှိနေဆဲဖြစ်သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေထုတ်ပြန်စာရင်းတွင် မြန်မာနိုင်ငံ၏ ခန့်မှန်း လူဦးရေမှာ ၅၅ ဒသမ ၈ သန်းရှိပြီး အမျိုးသားဦးရေ ၂၆ ဒသမ ၇ သန်း နှင့် အမျိုးသမီးဦးရေမှာ ၂၉ ဒသမ ၁ သန်းကျော်ရှိသည်။

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင် ရေးအသင်းအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ တွင် အဖွဲ့ဝင်အဖြစ် တက်ကြွစွာ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ထောင်စုအဆင့်တွင်သာမက လက်ရှိဖွဲ့စည်းထားပြီးဖြစ်သည့်  တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်တို့တွင်လည်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းအဖွဲ့များ ဖွဲ့စည်းပြီး တက်ကြွစွာပါဝင်လျက်  နိုင်ငံတော်က  အကောင်အထည်ဖော် လျက်ရှိသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်လည်း အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ၁၇ ရပ်အနက် ကျားမ တန်းတူညီမျှမှုကိုရရှိရန်နှင့် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များအားလုံး စွမ်းဆောင်ရည်မြှင့်တင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာစိုးဝင်းက ထည့်သွင်းပြောကြားခဲ့သည်။

သို့ဖြစ်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးလုပ်ငန်းများကို လူမှုရေးအဖွဲ့အစည်းများနှင့် တစ်ဦးချင်းဖြစ်စေ ပူးပေါင်းပါဝင်ဆောင်ရွက်စေချင်ကြောင်း။     ။







အခြားဆက်စပ်သတင်းများ