နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်အစိုးရက ပြည်ပလုပ်သားများအတွက် ဗီဇာထုတ်ပေးမှုကို နှစ်ကုန်အထိ ဆိုင်းငံ့

ငရုတ်ကောင်း ဇွန် ၂၃


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမြဲနေထိုင်ခွင့်ကတ် ထုတ်ပေးမှု ရပ်တန့်ထားသည့်ကာလကို နှစ်ကုန်အထိ တိုးမြှင့်ခဲ့သည့်အပြင် အခြားပြည်ပအလုပ်သမားများအတွက် ဗီဇာထုတ်ပေးမှုကိုလည်း နှစ်ကုန်အထိ ဆိုင်းငံ့ခဲ့သည်။ ထို့ကြောင့် အရည်အသွေးပြည့်ဝသည့် နည်းပညာအလုပ်သမားများ၊ စိုက်ပျိုးရေးလုပ်ငန်းမဟုတ်သည့် ရာသီပေါ်လုပ်ငန်း လုပ်ကိုင်သူများ၊ ထိပ်တန်းအမှုဆောင်များ၊ အကူလုပ်သားများအပေါ်  သက်ရောက်စေမည်ဖြစ်သည်။


အဆိုပါဆုံးဖြတ်ချက်မှာ ကပ်ရောဂါကာလတွင် စီးပွားရေးထိခိုက်နေသည့် အမေရိကန်နိုင်ငံသားများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်လိမ့်မည်ဟု အိမ်ဖြူတော်က ပြောသည်။ အိမ်ဖြူတော်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အသုံးချပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေကို တင်းကျပ်နေသည်ဟု ဝေဖန်သူများက ပြောပါတယ်။ အဆိုပါဆုံးဖြတ်ချက်မှာ လူ ၅၂၅၀၀၀ အပေါ် သက်ရောက်စေလိမ့်မည်ဟု အမေရိကန်အစိုးရအဖွဲ့က သတင်းထောက်များကို ပြောခဲ့သည်။ လက်ရှိအချိန်တွင် ဗီဇာရရှိထားသူများအနေဖြင့် ယခုထုတ်ပြန်ခဲ့သည့် ကန့်သတ်ချက်သစ်များကြောင့် ထိခိုက်မှုရှိမည်မဟုတ်ပေ။

(KNT)






အခြားဆက်စပ်သတင်းများ