နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဆိပ်သင့်ဓာတုပစ္စည်း ပါဝင်နေသည့် လက်သန့်ဆေးရည်ဘူးများကို FDA ကြေညာ

ဝါရှင်တန် ဇွန် ၂၃


အဆိပ်သင့် ဓာတုပစ္စည်း ပါဝင်နေဖွယ်ရှိခြင်းကြောင့် မက္ကဆီကိုနိုင်ငံ  Eskbiochem SA ကုမ္ပဏီမှထုတ်လုပ်သည့် လက်သန့်ဆေးရည်များကို အသုံးမပြုကြရန် အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု အာဏာပိုင်အဖွဲ့(FDA)က အကြံပြုထားသည်။  Eskbiochem SA ကုမ္ပဏီမှ ထုတ်လုပ်သည့် Lavar Gel နှင့် CleanCare No Germ လက်သန့်ဆေးရည် နမူနာများတွင် မက်သနော(Methanol) ပါဝင်နေကြောင်း (FDA)က စစ်ဆေးတွေ့ရှိခဲ့သည်။ မက်သနောမှာ အရည်ပြားထဲ စိမ့်ဝင်ပြီး အစာချေစနစ်ထဲ ရောက်ရှိသွားပါက အဆိပ်သင့်စေနိုင်သည်။ FDA ၏ အကြံပြုချက်နှင့်ပတ်သက်၍ Eskbiochem SA ကုမ္ပဏီက မှတ်ချက်တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိပေ။ 

အသုံးပြုသူများအနေဖြင့် All-Clean Hand Sanitizer ၊ Esk Biochem Hand Sanitizer ၊ CleanCare NoGerm Advanced Hand Sanitizer 75% Alcohol ၊ Lavar 70 Gel Hand Sanitizer ၊ The Good Gel Antibacterial Gel Hand Sanitizer ၊ CleanCare NoGerm Advanced Hand Sanitizer 80% Alcohol ၊ CleanCare NoGerm Advanced Hand Sanitizer 75% Alcohol ၊ CleanCare NoGerm Advanced Hand Sanitizer 80% Alcohol နှင့် Saniderm Advanced Hand Sanitizer စသည့် လက်သန့်ဆေးရည်များကို အသုံးမပြုကြရန် FDA က အကြံပြုထားသည်။ မက်သနောပမာဏအများအပြား ထိတွေ့မိပါက မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်း၊ တက်ခြင်း၊ ကိုမာဝင်ခြင်း၊ အာရုံကြောစနစ်များ သေရာပါဒဏ်ရာရခြင်းနှင့် အသက်ဆုံးရှုံးခြင်းအထိ ဖြစ်စေနိုင်သည်။ ထို့ကြောင့် အဆိုပါလက်သန့်ဆေးရည်များ ထိတွေ့ခဲ့သူများအနေဖြင့် ချက်ချင်းကုသမှုခံယူသင့်သည်ဟု FDA က သတိပေးထားသည်။ အဆိုပါလက်သန့်ဆေးရည်များကို ဇွန်လ ၁၇ ရက်နေ့ နောက်ဆုံးထား၍ အရောင်းစင်များပေါ်မှ ဖယ်ရှားပေးရန် အကြောင်းကြားထားသော်လည်း လက်ရှိအချိန်အထိ ကုမ္ပဏီက တုံ့ ပြန်ခြင်းမရှိသေးပေ။     

                                                                                      

(KNT)






အခြားဆက်စပ်သတင်းများ