နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဘေးအန္တရာယ်ကာကွယ်နိုင်ရေး အသင့်စီမံဆောင်ရွက်

ကမ္ဘာ့နိုင်ငံများသည် ကမ္ဘာကြီးပူနွေးလာမှုနှင့်ရာသီဥတုပြောင်း လဲဖောက်ပြန်မှုတို့၏ ဆိုးကျိုးသက်ရောက်မှုများကို တွေ့ကြုံခံစား နေရပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ဒေသအချို့၌မိုးရေချိန် စံချိန်သစ်များ ထူးကဲစွာမိုးရွာသွန်းခြင်းများ ကြုံတွေ့ရသည်။

 ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊  မွန်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် ဒေသအချို့ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးနိုင်သမျှ  နည်းပါးအောင်ကာကွယ်ကြရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ဘေးအန္တရာယ်ဖြစ်နိုင်ခြေ လျှော့ချ ခြင်း၊ ကြိုတင်အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည် ထူထောင်ခြင်းဟူသည် ကြိုတင်ပြင်ဆင်ခြင်းနှင့်ထိခိုက်မှုလျော့နည်း ပြီး ထောက်ပံ့မှုများလည်း မြန််ဆန်ထိရောက်မည်ဖြစ်သည်။

 ဝါဆို၊ ဝါခေါင်ရေဖောင်ဖောင်ဆိုရိုးစကားအတိုင်း ရေကြီးရေလျှံ ဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များမှာ  သက်ဆိုင်ရာ အစိုးရဌာနမှထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များလိုက်နာရန်၊ အိမ်သုံး လျှပ်စစ်ပစ္စည်းများ၊ မိန်းခလုတ်များကိုပိတ်ထားရန်၊ သောက်သုံးရေ သန့် (သို့) ကျိုချက်ထားသောရေ (သို့) ရေသန့်ဆေးခတ်ထားသော ရေကိုသာ အမြဲသောက်သုံးရန်၊ အဆိပ်ရှိသော တိရစ္ဆာန်များ အိမ်၊ ခြံ အတွင်း၌ ရှိ၊ မရှိစစ်ဆေးရန် လိုက်နာရန်လိုအပ်သည်။

 ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ မှာ တိရစ္ဆာန်များကို မလိုအပ်ဘဲချည်နှောင်ထားခြင်းမပြုလုပ်ပါနှင့် ၊ ရေကြီးသောဒေသများတွင် မြစ်၊ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျ တတ်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့  မသွားပါနှင့်၊ ရေထဲတွင်ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ မပြုလုပ်ပါနှင့်၊ ရေစိုနေသော လျှပ်စစ်ပစ္စည်းများကိုအသုံးမပြုပါနှင့်လျှင်ဟု အသိ ပေးထားသည်။

ရေကြီးခြင်းသတိပေးချက်ရလျှင်   သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသောဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ရန်၊ အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့်အရေးကြီး စာရွက်စာတမ်းများကို မိမိနှင့်အတူထားရှိရန်လိုအပ်သည်။ 

သို့ဖြစ်ရာ  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများ ကို ထုတ်ပြန်ပေးလျက်ရှိရာ အစဉ်သတိပြုစေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ