နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းကြိုးပမ်း၊ ဆောင်ရွက်

ကမ္ဘာကြီးသည်လွန်ခဲ့သောရာစုနှစ်များကထက်ပို၍ ပူနွေးလာ သည်။ ဤသည်ကိုအကြောင်းပြု၍ ဒေသအသီးသီး၏ရာသီဥတု ဖြစ်စဉ်ပြောင်းလဲလာသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြီးသည် ကမ္ဘာတစ်ခွင်ပုံစံအမျိုးမျိုးဖြစ်ပေါ်နေသည်ကို အချိန်နှင့်တစ်ပြေးညီ တွေ့မြင်နေရသည်။

 ပါကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့တွင် လက်ရှိကြုံတွေ့နေရသည့် ရေကြီးရေလျှံခြင်းကဲ့သို့ ရာသီဥတုပြောင်းလဲမှုများကြောင့် အခြား နိုင်ငံများကိုလည်း အကျိုးသက်ရောက်မှုများရှိလာနိုင်သဖြင့် နိုင်ငံ တကာအသိုင်းအဝိုင်းက လက်တွဲဖြေရှင်းဆောင်ရွက်ရေး ယင်းနိုင်ငံ ခေါင်းဆောင်များက ပြောကြားကြသည်။ ကမ္ဘာတစ်ဝန်းတွင် ရာသီ ဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ချက်ချမှတ်ပြီး   စုပေါင်းဆောင်ရွက်ရမည့်အချိန်ရောက်ရှိနေပြီဖြစ်သည်။

အပူပိုင်းပစိဖိတ်သမုဒ္ဒရာတွင် ပင်လယ်ရေပူနွေးလာပြီး လေထု အခြေအနေတုံ့ပြန်မှုမှာ ပူပြင်းခြောက်သွေ့သည့် အယ်နီညိုရာသီ ဥတုဖြစ်နိုင်ခြေများကြောင့် ခန့်မှန်းထွက်ပေါ်လာသည်။ ရာသီဥတု ပြောင်းလဲလာမှုတွင် နေရာကွက်၍မိုးကြီးခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သကဲ့သို့ အပူချိန်မြင့်တက်မှုများလည်း ကြုံတွေ့နေရသည်။

 ရာသီဥတုပြောင်းလဲလာမှုများတွင် ကမ္ဘာတစ်ဝန်းသစ်တော များ ပြုန်းတီးလာသည့်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ နှင့်  ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားလာခြင်းစသည့်  အကြောင်းအရင်းများကြောင့်ဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ် ပျှမ်းမျှ ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ အစိုးရချင်းဖွဲ့စည်းထားသော အဖွဲ့အစည်းက ထုတ်ပြန် သတိပေးထားသည်။

 ကမ္ဘာတစ်ဝန်းဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့များထုတ်လွှတ် မှုသည် လျင်မြန်စွာမြင့်တက်လာနေကြောင်း သတိပေးချက်များ ထွက်ပေါ်လျက်ရှိရာ ရာသီဥတုပြောင်းလဲမှုကိုဟန့်ထားမည် စုပေါင်း သစ်ပင်စိုက်ပျိုးပွဲများကို မြန်မာနိုင်ငံတစ်ဝန်းကျင်းပခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၇ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့်အရိပ်ရလေကာပင် ၁၈၈၀၅၅ ပင်စိုက်ပျိုးခဲ့သည်။ 

ရာသီဥတုဖောက်ပြန်မှုအတွက် ဆုံးရှုံးမှုများကြုံတွေ့လာမှုကို သစ်တောသစ်ပင်များ စုပေါင်းစိုက်ပျိုးခြင်းဖြင့် အထောက်အပံ့ ဖြစ်ရာ ပြည်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်စေချင်ကြောင်း။     ။







အခြားဆက်စပ်သတင်းများ