နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြန်လည်ပြည့်မြဲစွမ်းအင်

သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် မှီခိုအားထားရာ အကျိုးပြုရာဝန်းကျင်ကောင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်မှ လူတို့အတွက်နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးမှအစလိုအပ် ချက်ကိစ္စအဝဝကို ဖြည့်စွမ်းပေးနေသည်မှာ အမှန်ပင်ဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်မှ ရေစွမ်းအင်ကို အဓိကထုတ်ယူအသုံးပြုကြသည်။ ရေမှရရှိသော ရေအားလျှပ်စစ် စွမ်းအင်သည် လူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်။

 နိုင်ငံလူဦးရေနှင့်မြို့ပြ၊ လူအသုံးအဆောင်နှင့်စက်မှုလုပ်ငန်း များ တစ်နေ့တစ်ခြား၊ တိုးပွားလာလျက်ရှိသည်။ တိုးပွားလာသည့် အနေအထားကို ဖြည့်စွက်ရာ၌ လျှပ်စစ်ဓာတ်အားထုတ်ယူမှုများ သည် ရေရှည်စဉ်းစားရမည့်အချက်ဖြစ်သည်။

 ထိုနေရာ၌ ပြန်လည်ပြည့်မြဲစွမ်းအင်သည် အရေးပါလှသည်။ လေစွမ်းအင်၊ နေစွမ်းအင်နှင့်ဇီဝစွန့်ပစ္စည်းလောင်စာတို့သည် သဘာဝ အလျောက် ထုတ်ယူသုံးစွဲ၍မကုန်သည့် စွမ်းအင်များဖြစ်သည်။ ထိုစွမ်းအင်များကို ထုတ်ယူရန်အရင်းအနှီးနှင့် နည်းပညာကျွမ်းကျင် မှုတို့လိုအပ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဖြင့်    လူသားတို့အလိုရှိသောအရာအားလုံးကို ပေးနိုင်စွမ်းရှိသည်။

 သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့သိပ္ပံနှင့်နည်းပညာ သုတေသနဦးစီးဌာနသည် ပြန်လည်ပြည့်မြဲစွမ်းအင်သင်တန်းများ ဖြစ်သော အခြေခံလေအားလျှပ်စစ်တည်ဆောက်ခြင်းသင်တန်း၊ နေရောင်ခြည်စွမ်းအင်ဆိုင်ရာနည်းပညာနှင့်အသုံးပြုမှုသင်တန်း၊ စပါးခွံလောင်စာသုံးဓာတ်ငွေ့ထုတ်စက်ဆိုင်ရာ လက်တွေ့အသုံးချခြင်း သင်တန်း၊  ဇီဝဓာတ်ငွေ့လက်တွေ့အသုံးချ  တည်ဆောက်ခြင်း သင်တန်းများကို ဖွင့်လှစ်ခဲ့သည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ အောင်ဇေယျသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၈ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်၊ ဝါးခယ်မနှင့်အိမ်မဲမြို့တို့ရှိ စပါးခွံလောင်စာသုံး  Gas-Fier  စက်ရုံများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ  ဆန်စက်ကြီးများခေတ်မီစက်ကြီးများအသုံးပြု၍ လုပ်ငန်းများဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံးဓာတ်ငွေ့ထုတ် စက်ရုံလည်ပတ်နေမှု၊ စွန့်ပစ်ရေများကို ရေစစ်ကန်များဖြင့် သန့်စင် စွန့်ပစ်နေမှု၊ ထွက်ရှိလာသည့် ပြာနှင့်ကတ္တရာများဖယ်ရှားနိုင်မှု၊ အင်ဂျင်နှင့်ဒိုင်နမိုတပ်ဆင်အသုံးပြုမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

 နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများထံ အထောက်အပံ့ဖြည့်ဆည်းပေးရာ လျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးသည့် အရေးကြီးလိုအပ်ပေးရာ သဘာဝ ပတ်ဝန်းကျင်လည်းမထိခိုက် စွမ်းအင်လည်း လုံလောက်စေမည့် ပြန်လည်််််််ပြည့်ဖြိုးမြဲ စွမ်းအင်များထုတ်လုပ်ရေး ဝိုင်းဝန်းလုပ်ဆောင် ကြိုးပမ်းစေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ