ရန်ကုန် ဧပြီ ၆ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ဧပြီ ၄ ရက် ညပိုင်းက COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ အများပြည်သူများသို့ အသိပေးပန်ကြားချက်အား အသံချဲ့စက်၊ Hand Speaker များဖြင့် လိုက်လံအသိပေးကြေညာခဲ့စဉ်။ ရွှေနန်းမေ(ပြန်/ဆက်)